Tuesday, November 10, 2009

Swimming Pools (ရေကူးကန် များ)

  • ရေကူးတာ က ကျန်းမာရေး အတွက် အထောက်အကူ ပြုတဲ့ အားကစား တစ်ခု ဖြစ်သလို ပျော်စရာ လည်း ကောင်းပါတယ်။ အသက်အရွယ် မရွေး (ပိန်ပိန်၊ ဝဝ) သင့်တော်တဲ့၊ သက်တောင့်သက်သာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်သလို၊ အရေးကြုံရင် သက်လုံကောင်းစေ ဘို့အတွက် ကျွမ်းကျင်မှု (Survival skill ) တစ်ခု လည်း ဖြစ်ပါတယ်။ ( စနစ်မကျတောင် ရေကောင်းကောင်း ကူးတတ်ဘို့ တော့ လိုတာပေါ့။ ကောင်းကောင်း မကူးတတ် ရင်တောင်မှ ရေတိမ်တိမ်မှာ ဘောကွင်းနဲ့ ဆော့နိုင်ပါသေးတယ်။ )

  • အေးအေးဆေးဆေး နဲ့ အန္တရာယ် ကင်းကင်း ရေကူး ချင်သူတွေ အတွက် လိုအပ်ချက် တွေ ကို Swimming Pools (ရေကူးကန်) တွေ က ဖြည့်ဆီးပေးနေပါတယ်။
  • တွေ့နေကျ Concrete နဲ့ လုပ်ထားတဲ့ ကန်တွေသာမက အလွယ်တကူ ဆင်နိုင်တဲ့ Fiber-glass ကန်တွေ၊ Steel Reinforced Tank တွေ လည်း ရှိပါတယ်။

  • Swimming Pool MEP Systems တွေ ကို Pool Specialist Contractor တွေ က ပဲ Installation လုပ်ပေး လေ့ရှိပါတယ်။ Architects နဲ့ Structure Engineers တွေ နဲ့ Coordinate လုပ်ရတာ တော့ ရှိပါတယ်။ တစ်ခါတစ်ရံ Lighting Specialist Consultants ရဲ့ လိုအပ်ချက် ပါဝင် တတ်ပါတယ်။

  • အောက်မှာ ဖော်ပြထားတာ တွေ က အခြေခံ ကို သိရှိ နားလည်စေ ဘို့ ရည်ရွယ်ပါတယ်။
    1. Introduction
    2. Water Quality
    3. Codes, Rules & Regulations
    4. Safety
    5. MEP Systems
    6. Construction
    7. Pool Maintenance
    8. Other Pools & Fish Ponds
    9. Natatoriums - HVAC
    10. References


  • တကယ်အသုံးချ ရမှာမို့ ပိုပြီး အသေးစိတ် သိချင်ရင် တော့ ကိုယ်တိုင် စာလည်း ရှာဖတ် ပြီးတော့ Specialist နဲ့ လည်း ဆွေးနွေး ဘို့ လိုအပ်ပါလိမ့်မယ်။ Specialist Contractors တွေ က လုပ်ငန်းအတွေ့ အကြုံလည်းရှိ၊ Fittings Supply (အစိတ်အပိုင်း ပစ္စည်း) တွေ ကို လည်း Supply လုပ်နိုင်တာမို့ပါ။ Calculation အတွက်အချက် နဲ့ Code / Regulation Requirements တွေနဲ့ ရင်းနှီးတာမို့ လိုအပ်တဲ့ Technical Support ကို ကောင်းကောင်းပေးနိုင်ပါတယ်။


  1. Introduction
    • အခုခေတ် ရေကူးကန် တွေ က ရေဖြည့်လိုက်၊ ညစ်ပတ်လာရင် (နှစ်ပါတ် တစ်ခါလောက် ဖောက်ထုတ်လိုက်) လုပ်ရတဲ့ အမျိုးအစား တွေ မဟုတ်တော့ ပါဘူး။
    • တိုးတက်လာတဲ့ Chemical Treatment နဲ့ Continuous Filtrations စနစ်တွေ က ရေတွေ ကို ပိုပြီး ကြည်လင် စေယုံ မက ရေရဲ့ သန့်ရှင်းမှု ကို လည်း ပိုကောင်းလာစေပါတယ်။ ကြည့်လိုက်ရင် ကန်အောက်ခြေ ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လောက်အောင် ကို ကြည်လင်နေလေ့ ရှိ ပါတယ်။ ရေရဲ့ အရောင် က အောက်ခံကျောက်ပြား ရဲ့ အရောင် ကို ကောင်းကောင်း ရောင်ပြန် ဟပ်တာကို လည်း တွေ့ရပါမယ်။ ဒါကြောင့် ကျောက်ပြား အပြာတွေ သုံးထားရင် ရေတွေက ပြာနေတယ် လို့ ထင်ရစေပြီး အစိမ်း သုံးထားရင်တော့ ရေတွေက စိမ်းနေတယ် လို့ ထင်ရပါလိမ့်မယ်။
    • စနစ်တကျ ဒီဇိုင်းလုပ် တတ်ဆင်ထားတဲ့ Underwater Light တွေ က လည်း Swimming Pools တွေ ကို ပိုပြီး ဆွဲဆောင်မှု ပေးပါတယ်။
    • ဟိုတယ်၊ ကွန်ဒို တွေ မှာ က ရေကူးကန် က အဓိက အဆောင်အယောင် အနေနဲ့ ပါဝင်ပါတယ်။ တိုးတက်တဲ့ နိုင်ငံတွေ မှာ တော့ Public Pool တွေ က လွယ်လွယ် ကူကူ ရောက်နိုင်တဲ့ နေရာတွေ မှာ ရှိနေပါတယ်။ Private Housing အိမ်တွေ မှာလည်း အဆောင်အယောင် တစ်ခု အနေနဲ့ ထည့်သွင်း တတ်ကြပါတယ်။ ရေကူးကန် ရဲ့ အရွယ်အစား က လည်း ခပ်သေးသေး က နေ အိုလံပစ် အရွယ် အကြီးစား တွေ အထိ ဖြစ်နိုင်ပြန်ပါတယ်။
    • စကာင်္ပူ မှာ ဆိုရင် Public Pool တွေ က လူနေအိမ်တွေ ရဲ့ မလှမ်းမကမ်း နေရာ တွေ မှာ ရှိနေ တာ ကို တွေ့နိုင် ပါတယ်။
    • အပြင်ကနေ ကြည့်ရင်တော့ နားနားနေနေ ထိုင်ဘို့ ခုံ နဲ့ အဆင်တန်ဆာ တွေ၊ ရေထဲဆင်းဘို့ Ladder နဲ့ ရေတွေ ပြည့်နေတဲ့ ရေကူးကန် ကို ပဲ မြင်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီကန် ထဲကရေတွေ ကို အမြဲ ကြည်လင်ပြီး သန့်စင်နေ အောင် လုပ်ထားတဲ့ MEP System တွေ ကို သတိပြုချင် မှ ပြုမိပါလိမ့်မယ်။
    • MEP Systems တွေ ရဲ့ အသုံး ဟာ ရေကူးကန် တစ်ခု ရဲ့ အဓိက အကျဆုံး ကုန်ကျစရိတ် Life Cycle Cost ဖြစ်လေ့ ရှိပါတယ်။ ထိန်းသိမ်းလည်ပတ် ဘို့ အတွက် အကုန်အကျ များလေ့ရှိပါတယ်။
    • ရေကူးကန် အတွက် MEP Systems တွေ ရဲ့ အဓိက တာဝန် က တော့ လူကို အန္တရာယ် ပေးမဲ့ အညစ်အကြေး တွေ ကို ရေထဲ က နေ အဆက်မပြတ် (Continuously) စစ်ထုတ် ဖယ်ရှား နိုင်ဘို့ နဲ့ ရေအောက် မှာ အလင်းရောင် ကောင်းကောင်း ရအောင် လုပ်ပေးဘို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အကုန်အကျ များရတာ ဖြစ်ပါတယ်။


    - ရေးလက်စ -

  2. Water Quality
    • Environmental Health လိုအပ်ချက် တွေ အရ ရေရဲ့ Quality ကို (သုံးစွဲနေတဲ့) အချိန်ပြည့် ထိန်းသိမ်းထားပေးနိုင်ဘို့ လိုအပ်ပါတယ်။ Water Quality ဆိုတဲ့ နေရာမှာ။
      1. Physical Quality (အရောင် (သို့) ကြည်လင်မှု၊၊ အနံ့၊ စသည်... )
      2. Biological Quality (ပိုးမွှား၊ ဘက်တီးရီးယား ကင်းစင်မှု၊ )
      3. Chemical Quality (Residual Chlorine, PH, other concentrations, etc.)

    • ဒီလိုအပ်ချက်တွေ ကို ဖြည့်ဘို့ အတွက် Water Filtration & Treatment Systems တွေ လိုအပ်ပါတယ်။ ဒီစနစ် ရဲ့ အဓိက တာဝန် တွေ ကတော့၊
      • ရေထဲမှာ ပါဝင်နိုင်တဲ့ အဏုဇီဝ ရောဂါပိုးမွှားတွေ ကို သုတ်သင်ဖယ်ရှား ပေးနိုင်ဘို့။
      • ရေညှိ မတက်စေဘို့
      • အနံ့ဆိုး နဲ့ အော်ဂလီ ဆန်မဲ့ အရသာ ကို ဖယ်ရှားဘို့။
      • မျက်စေ့ နဲ့ နှာခေါင်း ယားယံစေတာ ကို မဖြစ်စေဘို့။
      • ရေချိုး (ဂျိုး) မကပ်စေဘို့
      • ရေတွေ ကြည်လင် ပြီး အရောင် တလက်လက် နေစေဘို့။
      • Fixtures နဲ့ Fittings တွေ Corrosion မဖြစ်စေဘို့။

    • လူတွေ က ဆက်တိုက် သုံးနေတာ နဲ့ အတူ ဒီ Treatment တွေ ကို လည်း Continuously အဆက်မပြတ် လုပ်ပေးနေရမှာ ဖြစ်ပါတယ်။ အပြင်က ကျလာမဲ့ မြက်၊ ခဲ၊ သစ်ရွက်၊ စက္ကူ၊ ဖုန်၊ အမှိုက် တွေ ကြောင့်သာ မက ရေကူးတဲ့ သူတွေ က နေ ထွက်လာမဲ့ သေး (ရှုရှုး)၊ ချွေး၊ dead skins အရေခွံ၊ ဆံပင်၊ တံတွေး၊ နှပ်၊ သလိပ်၊ မိတ်ကပ်၊ ခေါင်းလိမ်းဆီ၊ စတာ တွေ နဲ့ အတူ ပါလာမဲ့ ရောဂါပိုးမွှား တွေ ကို လည်း ဆက်မပွားစေပဲ သန့်စင် ပေးနိုင်ဘို့ လိုပါတယ်။
      (ရေမြင်ရင် ရှုရှုး ပေါက်ချင် တာက လူတွေ ရဲ့ ဗီဇ မို့ ရေကူးကန် ထဲ ရေကူးရင်း ရှုရှုး ပေါက် ချတတ်ကြတာ သဘာဝ ပါ။ ဘယ်သူမှ လည်း နှပ်တွေ တံတွေးတွေ ကို မျိုချ နေမှာ မဟုတ်ပါဘူး။ ကလိုရင်း ရဲ့ အနံ့ ကြောင့် နှပ်တွေ က လည်း ပိုတောင် ထွက်ပါသေးတယ်။ အားစိုက်လို့ ထွက်လာတဲ့ ချွေးတွေ ကလည်း ရေထဲ ပျော်၊ သေချာ ရေမဆေး လာတဲ့ ဒွာရတွေ က....
      ရွံတတ်ရင်တော့ ရွံပေါ့လေ။ ဟာဟ !
      သိပ်လည်း မစိုးရိမ် ပါနဲ့။ ဒါတွေ က မြင်ရတာ မဟုတ် သလို သေချာ ဒီဇိုင်း လုပ်ထားလေ့ ရှိတာ မို့ ဒုက္ခ လည်း မပေးလှပါဘူး။
      ကျန်းမာရေး လိုအပ်ချက် အရ Public Pools တွေ မှာ Lockers, Showers & Toilets Facilities တွေ မဖြစ်မနေ ပါဝင်ရပါတယ်။ ရေကူးမဲ့သူ တွေ ကလည်း ကျင့်ဝတ်စည်းကမ်း အနေနဲ့ ရေကန်ထဲ မဆင်းခင် Shower မှာ ရေချိုး ဘို့ လိုအပ်ပါတယ်။ ဒါကြောင့်စာဖတ်သူ ကို လည်း ရေကူးကန်ထဲ မဆင်းခင် နည်းနည်း ပိုသန့် သွားအောင် ရေသေချာ ချိုး ပြီး Bladder ထဲက ရေတွေ ကို လည်း အကုန်အစင် နီးပါး Drainage လုပ် ရှင်းပြီးမှ ဆင်းဘို့ တိုက်တွန်းလို ပါတယ်။ ရေကူးပြီးတော့ လည်း Shower မှာ ရေပြန်ချိုးပါ။ ရေကူးသွားဘို့ အတွက်၊ ရေကူးဝတ်စုံ၊ တံဘက် နဲ့ ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည် (ဘူးသေး) တွေ ကသင့်တော် ပါတယ်။ ရေကူးဝတ်စုံ က အများအားဖြင့် ရေဆော့တဲ့ နေရာကလွဲ လို့ မရှိ မကူးရ စည်းကမ်းရှိလေ့ရှိပါတယ်။ ရေကူးမျက်မှန် တပ်ရင်တော့ မျက်စေ့ အစပ် သက်သာ တဲ့ အပြင် ရေငုတ်တဲ့ အခါ မျက်စိ ပသာဒ ခံစားနိုင်ပါလိမ့်မယ်။ )

    • ရေကို အဆက်မပြတ် သန့်စင် ပေးနိုင်ဘို့ အတွက် အခြေခံ လိုအပ်ချက်တွေ ရှိပါတယ်။
      • ရေတွေ ကို အမြဲသန့်စင် (စစ်) ပေးနိုင်ဘို့ ရေကို Water Treatment System ထဲကို Circulate လုပ်ပေးမဲ့ Pumps တွေ လိုပါတယ်။ Circulation လှည့်ပေးတဲ့ နှုန်း ကို Turnover လို့ ခေါ်ပါတယ်။ အသေးစိတ် ကို အောက် က MEP Section မှာ ဖော်ပြပေးပါမယ်။
      • ရေကူးကန် အကြီးတွေ အတွက် Turnover က ၆ နာရီ အတွင်း လောက်ပါ။ အသုံးနည်းတဲ့ Private Pools တွေ အတွက် ၁၂ နာရီ အထိ ပေမဲ့ လက်ခံ (ကျေနပ်) နိုင်လောက်တဲ့ ရလဒ် ကို ပေးနိုင်ပါတယ်။ ကလေးတွေ ဆော့တဲ့ ခပ်တိမ်တိမ် Wadding Pools ဆိုရင်တော့ ၁ နာရီ - ၂ နာရီ လောက် အတွင်း ဖြစ်ရပါလိမ့်မယ်။ (မှတ်ချက်။ ။ နိုင်ငံအလိုက်၊ ပြည်နယ်အလိုက်၊ မြို့ အလိုက် Code Requirements တွေ မှာ ဒီလိုအပ်ချက် ကို ဖော်ပြထားလေ့ ရှိပါတယ်။ လိုက်နာဘို့ ရာလိုအပ်ပါတယ်။)
      • ရေထဲ ကို ရောက်လာမဲ့ အညစ်အကြေး နဲ့ ရောဂါပိုးမွှား တွေ ကို အမြန်ဆုံး ဓာတ်ပြု နှိမ်နင်း ပေးနိုင်ဘို့ လိုအပ်တဲ့ Residual Chlorine မမာဏ ကို ရရှိဘို့။ (သိပ်များလွန်း ရင် လည်း မျက်စေ့ နဲ့ အရေပြား ကို ဒုက္ခ ပေးနိုင်ပါတယ်။)
      • မြက်၊ ခဲ၊ သစ်ရွက်၊ ဆံပင်၊ စက္ကူ စတဲ့ အစိုင်အခဲ တွေ ကို Treatment System ထဲမရောက်စေဘို့ Lint Catcher ဇကာ။
      • ရေထဲက အမှုန်အမွှား တွေ ကို စစ်ဘို့ Filter (Sand Filter, DE Filter, Cartridge Filters, etc.)
      • ရေပေါ်ပေါ် နေတဲ့ ခေါင်းလိမ်းဆီ၊ လူအဆီ၊ မိတ်ကပ်၊ နှပ်၊ သလိပ်၊ နဲ့ အခြား ပစ္စည်းတွေ ကို ဖယ်ထုတ်ပေး နိုင်ဘို့ အတွက် Skimmer (ရေ အပေါ်ယံ လွှာကို Filtration Systems အတွင်း သို့ စုတ်ယူစေ သော Fitting ဖြစ်ပြီး ကန်အသေးစား တွေ အတွက် သုံးနိုင်သည်။ ကန်ကြီးလျှင် သုံးရန် မသင့်တော်။) ဒါမှမဟုတ် Scum gutters (ကန်ရေလျှံ ကျ တာ ကို Balancing Tanks ထဲသို့ ပြန်လည် စီးဆင်းပေး စေမဲ့ ရေမြောင်းငယ်။ ကန်အကြီး - ဂါလံ ၅၀ ၀၀၀, 189 m³ အထက် အတွက် သုံးရသည်။ ကန်အသေးစားအတွက် လည်း သုံးနိုင်သည်။)
      • ရေကန်ထဲ မှာ ရေသေမဲ့ နေရာ မပေါ်ပဲ ကောင်းကောင်း လှယ်ပေးနေနိုင်ဘို့ အတွက် Treatment System နဲ့ သက်ဆိုင်တဲ့ ရေ အဝင်အထွက် ကိုသေချာ ပြင်ဆင်ရပါမယ်။ လေးထောင့်ပုံ ဆို One Side က အဝင် Opposite Side က ပြန် အထွက် ထောင့်ဖြတ် ထားပေးခြင်း ဖြင့် ရေတွေ ကောင်းကောင်း လှည့်နေ စေပြီး Treatment ကိုဖြတ် စေရပါတယ်။ အဝင် နဲ့ အထွက် ကို လည်း သိပ်မကွာစေသင့်ပါဘူး။ ဒီအတွက် လိုအပ်တဲ့ Inlet အရေအတွက် နဲ့ နေရာချတဲ့ ပေါ်မူတည်ပါတယ်။

    • ဒီလို Water Quality ကို ထိန်းသိမ်းဘို့ နဲ့ Health & Safety အတွက် မဖြစ်မနေ လိုက်နာရမဲ့ စည်းမျဉ်း စည်းကမ်း၊ ဥပဒေ တွေ ကို ဆက်လက်ဖော်ပြမှာ ဖြစ်ပါတယ်။


    - အကြမ်းရေးလက်စ -

  3. Codes, Rules & Regulations
    • Environment, Health and Safety လို့ ခေါ်တဲ့ ပတ်ဝန်းကျင်၊ ကျန်းမာရေး နဲ့ အန္တရာယ် ကင်းရှင်းရေး စတဲ့ လိုအပ်ချက် တွေ ကို ထိန်းသိမ်းဘို့ အတွက် လိုအပ်တဲ့ အချက်တွေ ကို တိုးတက်တဲ့ နိုင်ငံတွေ မှာ နိုင်ငံအလိုက်၊ (မြို့အလိုက်၊ ပြည်နယ် အလိုက်) သတ်မှတ်ထားတာ ရှိပါတယ်။ အဓိက ကတော့ သုံးမဲ့သူ တွေ အန္တရာယ် ကင်းရှင်းစေ ဘို့ နဲ့ အများပြည်သူ ကျန်းမာရေး ကို မထိခိုက် စေဘို့ပါ။
    • အထူးသဖြင့် Public Pool တွေ အတွက် ဒီ Code လိုအပ်ချက် စည်းမျဉ်း တွေ က မလိုက်နာ လို့ မရတဲ့ စည်းမျဉ်းတွေပါ။ အများအားဖြင့် Public Pool ကို Operate လုပ်ဘို့ အတွက် လိုင်စင်၊ ပါမစ် လိုအပ်ပြီး Water Quality ကို report ပုံမှန်လုပ်ရလေ့ရှိပါတယ်။ ဒါကလည်း ဒေသ အလိုက် လိုအပ်ချက် ပါ။ မလိုတဲ့ နေရာ လည်း ရှိကောင်း ရှိနိုင် ပါတယ်။
    • နေရာဒေသ အလိုက် အချို့ Regulation မှာ water quality လိုအပ်ချက် နဲ့ အမှတ်တမဲ့ ဝင်ပြီး ရေနစ်တာ ကို ကာကွယ်ဘို့ ခြံစည်းရိုး ခတ်တာ လောက် ပဲ ပြဌန်း ထားပေမဲ့ အချို့နေရာ တွေ မှာတော့ ဒီဇိုင်း အသေးစိတ် လိုအပ်ချက်၊ ရှိနေတဲ့ Technology နဲ့ ဆောင်ရန် ရှောင်ရန် အသေးစိတ် ကို ပါ ပေးထား တတ်ပါသေးတယ်။
    • အချို့ဒေသ တွေ မှာ Specialist Contractor တွေ အတွက် အထူးလိုအပ်ချက် မရှိပေမဲ့ အချို့ဒေသ တွေ မှာ Swimming Pool Specialist ဖြစ်ကြောင်း Licensing Process / Exam / Registeration တွေ ကို လိုအပ်ပါတယ်။ ဘာစည်းမျဉ်း မှ မရှိဘူး ဆိုရင်တောင် မှ ကျန်းမာရေး အတွက် လူတွေ စိတ်ချလက်ချ သုံးလို့ ရမဲ့ ရေကူးကန် ဖြစ်ဘို့ လိုအပ်ပါတယ်။
    • ဒီလိုအပ်ချက် နဲ့ ပတ်သက်လို့ စာဖတ်သူ ဆက်လက် လေ့လာနိုင်ဘို့ WebLinks နဲ့ အချက်အလက် တွေ ကို နောက်ပိုင်း မှာ အလျင်းသင့်သလို ထည့်သွင်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။


  4. Safety
    1. ပထမ ကာကွယ်ဘို့ လိုတာ က လူတွေ ရေ မနစ်စေဘို့ပါ။
      • အများအားဖြင့် တစ်ယောက် တည်း ကူးနေတုန်း (မကူးတတ်လို့ပဲ ဖြစ်ဖြစ်၊ ကြွက်တက် လို့ပဲ ဖြစ်ဖြစ်) ရေနစ် ရင် ဘဝကူးဘို့ သေချာသလောက်ပါပဲ။ ဒါကြောင့် တစ်ယောက် ထဲ မကူးပါနဲ့။ အဖော် နဲ့ သွားကူးတာ က အရေးကြုံရင် အကူအညီ ရပါလိမ့်မယ်။ ( ရေနစ်ချင်ယောင် ဆောင်ပြီး နောက်တာ မျိုး ကို လည်း ရှောင်ပါ။ ) ဖြစ်နိုင်ရင် Lifeguard on duty ရှိနေတဲ့ အခြေအနေ မှာ ကူးပါ။
      • မိုးရွာနေတဲ့ အချိန် (မိုးဖွဲဖွဲကျတာ အပါအဝင်) မှာ လျှပ်စီး ထိနိုင်တာ မို့ ရေကူးကန် ထဲ မှာ ရေမကူးသင့် ပါဘူး။ ရေကူးကန် (Outdoor) တွေ က လည်း မိုးရွာ ရင် ပိတ်ထားလေ့ ရှိပါတယ်။
      • Public Pool တွေ မှာ အများအားဖြင့် Lifeguard ရှိနေ ဘို့ လိုအပ်ပါတယ်။ မရှိရင် လည်း မရှိကြောင်း ရေကူးတဲ့သူ ကန်ထဲ မဆင်းခင် အလွယ်တကူ မြင်သာတဲ့ နေရာမှာ Notice ချထားပေး ထားရ ပါတယ်။ အရေးအကြောင်း မှာ သုံးဘို့ ဘောကွင်း နဲ့ ကြိုးလို အသက်ကယ် ပစ္စည်းတွေ သာ မက First Aids Kits တွေပါ အသင့် ထားထားပေးရပါတယ်။ ရေရဲ့ WaterQuality ကို တိုင်းဘို့ Kits တွေ လည်း ကန်နားမှာ အဆင်သင့် ထားထားပေးရတတ် ပါသေးတယ်။
      • အမှတ်တမဲ့ ကန်ထဲကျ ရေနစ် နိုင်မဲ့ နေရာ က ကန်တွေကို သင့်တော်တဲ့ ခြံစည်းရိုး ကာပေး ထားဘို့ လိုအပ်တတ်ပါတယ်။ Private Pool တွေ ဆိုရင် တော့ ကလေးငယ် တွေကို ကန်နား မှာ အမှတ်တမဲ့ မထားမိဘို့ အထူး ဂရုစိုက်ရပါလိမ့်မယ်။
      • ရေနစ်ရတဲ့ နောက်တစ်ခု ကတော့ Pump Suction တွေမှာ ပိတ်ချုပ်မိ နေပြီး ရေနစ်တာပါ။ Pool အရွယ် နဲ့ မလိုက်အောင် ရေစုတ် အားကြီးတဲ့ Pump တွေပါဝင်တဲ့ Spa Pool တွေမှာ ဖြစ်တာ တွေ့ရပါတယ်။
    2. ဒုတိယ လိုအပ်တာ ကတော့ Water Treatment System ကြောင့်ဖြစ်တဲ့ Water Quality ထိခိုက်မှု တွေ ကို ကာကွယ်ဘို့ ပါ။ ဖြစ်တတ်တာတွေ ကတော့
      1. အက်ဆစ် တွေ များနေလို့ အရေပြား မျက်စေ့ ထိခိုက်တာ
      2. ကလိုရင်း များလို့ အရေပြား မျက်စေ့ ထိခိုက်တာ၊ အဆုတ် ထိခိုက်တာ။
      3. Residual Chlorine (ရေထဲမှာ အပိုကျန်နေတဲ့ ကလိုရင်း) နည်းလို့ (သို့) ထိထိရောက်ရောက် Water treatment မလုပ်နိုင်လို့ ဘက်တီးရီးယား အမျိုးမျိုး ပွားပြီး ရေကူးတဲ့သူ ကို ဒုက္ခပေးတာ။
      စတာတွေပါ။
      ဒါတွေကြောင့် လည်း Water Quality ကို မကြာခန တိုင်းတာ ပြီး Monitor လုပ်နေရတာ ဖြစ်ပါတယ်။


  5. MEP Systems
    1. System Components
      • Swimming Pool တစ်ခု မှာ ပါဝင်တဲ့ MEP Systems တွေ ကတော့
        1. Circulation Pumps
        2. Water Filters (Sand, D.E, Cartridge, etc.)
        3. Water Treatments Systems
        4. Balancing (Skimmers / Balancing Tank)
        5. Pipe & Fittings (Water Inlet Nozzles, Pipings, Valves, Strainers, Main Drains, Channel Grating, Skimmers, etc.)
        6. Water Supply Make-up Fittings
        7. Underwater Lights (Low Voltage)
        8. Electrical Control Panel

      • နေရာဒေသ ရာသီဥတု ကိုလိုက်လို့ ဖြစ်ဖြစ်၊ သုံးစွဲသူ အကြိုက် ပဲ ဖြစ်ဖြစ် Pool Heating (Heat Pumps, Electric, Gas, etc.) တွေ လည်း ပါဝင် နိုင်ပါတယ်။
      • Swimming Pool Schematics နမူနာ တစ်ခု ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။


          Ref NoDescription Ref NoDescription
          1Circulation Pumps 9Balancing Tank
          2Sand Filter 10Pump Suction
          3PH Adjuster 11Main Drain Sump
          4Chlorinator 12Vacuum Point
          5Floor Inlet Nozzles 13Make-Up Water
          6Swimming Pool 14Over-Flow
          7Scum Gutter 15Back-Wash Tank
          8Strainer Busket 16Drain Sump



      1. Circulation Pumps
        • အဓိက တာဝန် က ရေကူးကန် ထဲ ကရေတွေ ကို Water Treatment ကိုဖြတ်ပြီး စီးဆင်းနေစေ ဘို့ ပါ။ သဘောတရား ကတော့ အခြား Pumps တွေ နဲ့အတူတူပါပဲ။
        • Water Treatment System ရဲ့ ရှိနေနိုင်တဲ့ အမြင့်ဆုံး ခုခံအား (pressure head loss) မှာ လိုအပ်တဲ့ Turn Over Rate ကို ထုတ်ပေးနိုင်ဘို့ပါ။
        • Pool Turnover Rate နဲ့ Pool Water Volume ကနေ Pump Flow rate ကိုတွက်ယူရပါမယ်။ Pump Head ကို တွက်တဲ့အခါ Filter ဟောင်းလာလို့ ပိုလာမဲ့ Pressure Loss ကို ထည့်သွင်းစဉ်းစားရပါတယ်။

      2. Water Filters (Sand, D.E, Cartridge, etc.)
        • အဓိက တာဝန် က ရေထဲက အမှိုက် နဲ့ အမှုန်အမွှားတွေ ကို စစ်ထုတ် ဘို့ပါ။
        • တည်ဆောက်ပုံ အသေးစိတ် နဲ့ အလုပ်လုပ်ပုံ ကို အောက်မှာ ပေးထားတဲ့ weblinks တွေထဲက supplier web site တွေ မှာ သွားရောက်လေ့လာ နိုင်ပါတယ်။
        • Pool / Water Featurs အသေးတွေ ဆို cartridge filter က သုံးဘို့ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အများအားဖြင့် Sand Filter နဲ့ DE Filter က အသုံးများ ပါတယ်။
        • DE (Diatomaceous Earth) Filter က ပိုပြီး မှုန့်တဲ့ အမှုန်အသေး တွေ ကိုပါစစ်ပေးနိုင်ပြီး ပိုပြီးကြည်လင် တဲ့ ရေကို ရစေပါတယ်။
        • စာရေးသူ က တော့ Sand Filter သုံးရတာကို ပိုကြိုက်ပါတယ်။ DE လောက်မကြည်တောင် မှာ ကန်အောက်ခြေ ကို ရှင်းရှင်းမြင်ရတဲ့ ရေကြည်ကြည် ကို ရနိုင်တာပါပဲ။ Maintenance လုပ်ရတာ လည်း အများကြီး ပိုလွယ်ပါတယ်။ ဈေးလည်း ပိုချိုပါတယ်။ ပတ်ဝန်းကျင် အတွက်ရော၊ maintenance လုပ်တဲ့ သူ အတွက် ရော ပိုကောင်းပါတယ်။
        • Filter နှစ်မျိုးစလုံး က စစ်ထား တင်နေတဲ့ အမှိုက်တွေ ကို ပြန်ထုတ်ပစ်ဘို့ အတွက် Back wash လုပ်ရပါတယ်။ Sand Filter မှ သဲ ပြန်ဖြည့်ရလောက်အောင် ဆုံးရှုံး မှု မရှိပေမဲ့ DE ကတော့ အတိုင်းအတာ တစ်ခု အထိ ဆုံးရှုံးတာမို့ အပါတ်စဉ် ပြန်ဖြည့် (သို့) DE makeup ထားပေးရပါတယ်။ DE က ပေါင်ဒါလို အမှုန့် ဖြစ်တာမို့ သူ့ကို ဖြည့်တဲ့ အခါ ရှုသွင်းမိရင် အဆုတ် ကို ဒုက္ခ ပေးနိုင်ပါတယ်။ Cancer ဖြစ်စေနိုင် တယ် လို့ ဆိုပါတယ်။ နောက် မျက်စေ့ နဲ့ အသား ယားယံတာ၊ လောင်တာ တွေ ဖြစ်နိုင်ပါတယ်။ ရေရှည် ထိတွေ့ဘို့ မသင့်တော်တဲ့ ဓါတုပစ္စည်း တစ်ခုပါ။ ပါးစပ်ထဲ ဝင်လို့ မျိုချ မိရင်တော့ ဒုက္ခ မပေးဘူးလို့ ဆိုကြပါတယ်။ DE ကို ဓာတ်စာ လုပ်ရောင်းနေတာ တောင် ရှိပါတယ်။ Backwash လုပ်တဲ့ရေထဲမှာ DE ပါရင် Environment Control အရ လက်မခံ တဲ့ ဒေသ တွေ လည်းရှိတတ်ပါတယ်။
        • အရွယ်အစား အရတော့ Capacity တူရင် သိပ်မကွာ လှပေမဲ့ Sand Filter က အနည်းငယ် ပိုကြီး လေ့ရှိပါတယ်။ ( Filter Area အရကြည့်ရင် ကတော့ DE က ၁၀ ဆ ကနေ ၁၅ ဆလောက် ပိုလိုတတ်ပါတယ်။ ဒါပေမဲ့ တည်ဆောက်ပုံ အရ အရွယ် တူရင် DE Filter ရဲ့ Area က Sand Filter ထက် ၁၀ ဆ ကနေ ကနေ ၁၅ ဆ မက ပိုတတ်ပါတယ်။)
        • အောက်မှာ Sand Filter တည်ဆောက်ပုံ နဲ့ DE Filter တည်ဆောက်ပုံ နမူနာ တွေ ကို ဖော်ပြထားပါတယ်။
        • Sand Filter တည်ဆောက်ပုံ
          Ref NoDescriptionQty. Req'd.
          1Multiport Valve1
          2Pressure Gauge1
          3Valve/Tank O-Ring1
          4Flange Clamp (Valve-Tank)1
          5Sand Shield1
          6Lateral Assembly W/Pipe1
          7Filter Tank (SM1700T)1
          8Lateral-One Piece / Screw on10
          9a/9bDrain Cap Assy (1 5/16” Dia)1
          10System Mounting Base 11
          111 ½” Elbow Adapter 11
          121 ½” Straight Hose Adapter 11
          13Hose1
          14Hose Clamp2
          155/16” X 3/4” Mounting Screw Kit2
          16Pump1
          17a /b3' or 6' Cord Set1

          • ဒီ နမူနာ မှာ Pump ပါ တွဲရက် ပါဝင်နေ ပေမဲ့ Pump တွဲရက် မပါ တဲ့ (သီးခြား) Filter တွေ ကို လည်း သုံးနိုင်ပါတယ်။
          • Sand Filter မှာ ပုံမှန်အားဖြင့် သဲထု က အနည်းဆုံး နှစ်ပေ နဲ့ Freeboard (နေရာလွတ်) တစ်ပေ လောက်လိုအပ်ပါတယ်။ Freeboard လိုအပ်ရတာ က Backwash လုပ်တဲ့ အခါ အမှိုက်တွေ ကို မွှေပြီး လျှံထုတ်ရမှာ မို့ သဲတွေ ရောပါသွားပြီး ဆုံးရှုံး မသွားစေဘို့ ဖြစ်ပါတယ်။



        • D.E Filter တည်ဆောက်ပုံ
          Ref NoDescriptionQty. Req'd.
          1Manual Air Relief w/O-ring1
          2Manual Air Relief Assembly1
          3Pressure Gauge1
          4O-Ring Kit2
          5Manual Air Relief Nut 
          6Upper Filter Body 
          7Label Pack 
          8Clamp System including:
          Clamp, Clamp nut and Bolt, Hang tag,
          Metal Reinforced Seal and Labels
           
          9Clamp Bolt and Nut 
          10Label Pack* 
          11Metal Reinforced Seal 
          12Retainer Nut 5/16”-18 
          13Washer2
          14Top Collector Manifold 
          15Retainer Rod 
          16Flex Air Relief Assembly 
          17Outlet Elbow O-ring 
          18Outlet Elbow 
          19Filter Element Cluster
          Assembly (Complete set of elements,
          collectors, Locators, Manifold, ect.
           
          20Filter Element7
          21Filter Element Short1
          22Inlet Diffuser 
          23Element Spacer 
          24Filter Element Locator 
          25Bulkhead O-Ring2
          26Bulkhead Fitting2
          27Lower Filter Body 
          28Label Pack* 
          29Drain Plug w/ O-Ring 
          30Strap Kit (Optional)
          2 straps, 2 Screws
           
          31O-Ring (2 Req.)2
          32Variable Flow Valve (Optional) 
          33Slide Valve 2” SKT (Optional) 



      3. Water Treatments Systems
        • အဓိက က တော့ ရေကို ပိုးသတ်ပေးဘို့ ပါ။ သုံးလေ့ရှိတာ က တော့ ကလိုရင်း (Chlorine) ထည့်ပေးတာပါ။
        • Water Treatment System ထဲ လှည့်နေတဲ့ ရေထဲ မှာ တင်သတ်တာ မဟုတ်ပဲ ရေကန် ထဲမှာ ပါ အဆက်မပြတ် ဝင်လာတဲ့ ပိုးတွေ ကို သတ်ပေးနိုင်ဘို့ အသင့် ဖြစ်နေဘို့ အတွက် လိုအပ်တဲ့ Residual Chlorine အမြဲကျန်နေအောင် လည်း အပိုထည့်ပေးရပါတယ်။ Residual Chlorine ကို သင့်တော်တဲ့ မနည်းလွန်း မများလွန်း အခြေအနေ ရအောင် ထည့်ပေးရပါမယ်။ [ ဒီ Limits တွေ ကို လည်း EHS codes တွေ မှာ သတ်မှတ် ပြဌာန်း ထားတတ်ပါတယ်။ ဥပမာ စင်္ကာပူ နိုင်ငံ NEA Regulations အရ 1mg/ L ထက် မနည်းရ 3mg/L ထက် မများရ။ Ref APPENDIX 6: Water Quality Standards For Swimming Pool, Code Of Practice On Environmental Health 2005 with Addendum 1,2 &3, 2009 Jan ]
        • Chlorine ထည့်ပေးတဲ့ စနစ် အမျိုးမျိုးရှိပါတယ်။ ဆေးပြား (Tablet) လိုထည့်ပေးနိုင်တဲ့ Tablet Chlorinator အသေးစား၊ Chemical Tank နဲ့ Pump သုံးပြီး ထည့်ပေးတဲ့ စနစ် အပြင် အိမ်သုံးဆား (NaCl ) ကနေ ကလိုရင်း ထုတ် ထည့်ပေးတဲ့ စနစ်တွေ စသည်ဖြင့် ပါ။ Chemical အနေနဲ့ Calcium hypochlorite Ca(ClO)2 ကို လည်း အသုံးများပါတယ်။
        • နောက်တစ်ခု က တော့ PH Level ထိန်းထားဘို့ ပါ။ ဒါကလည်း Residual (Free) Chlorine ရဲ့ ဓာတ်ပြုမှု Activity တွေနဲ့ သက်ဆိုင်ပါတယ်။ နောက် လူတွေ ခံနိုင်တဲ့ ဝန်းကျင်လည်း ဖြစ်ဘို့ လိုပါတယ်။ Alkaline ဘက်နည်းနည်းရောက် နေ ဘို့ (7.2 < pH < 8 ) လိုအပ်ပါတယ်။ [ ဒီ Limits တွေ ကို လည်း EHS codes တွေ မှာ သတ်မှတ် ပြဌာန်း ထားတတ်ပါတယ်။ ဥပမာ စင်္ကာပူ နိုင်ငံ NEA Regulations အရ -pH 7.2 to 7.8 အတွင်း ထားရန်။ Ref APPENDIX 6: Water Quality Standards For Swimming Pool, Code Of Practice On Environmental Health 2005 with Addendum 1,2 &3, 2009 Jan]
        • အခြားလိုအပ်တာကတော့ Algae (ရေညှိ) ကိုထိန်းဘို့၊ Scale (ရေချိုးကပ်တာ) ကိုထိန်းဘို့ နဲ့ လိုအပ်တဲ့ အရည်အသွေး Water Quality ရအောင် ထိန်းနိုင်အောင် လိုအပ်တဲ့ Chemical Treatment တွေပါ။ ကလိုရင်း ကို ထိန်းဘို့ နဲ့ လိုအပ်ရင် အခြားပိုးသတ် Chemical အချို့ လည်း ထည့်သုံးဘို့ လိုကောင်း လိုအပ်နိုင် ပါသေးတယ်။ ဒါတွေ ကတော့ သင့်တော်တဲ့ Specialist ရဲ့ ကျွမ်းကျင်မှု ကို ယူရပါလိမ့်မယ်။


      4. Balancing (Skimmers / Balancing Tank)
        • ရေတွေ ကို သေချာ Treatment လုပ်ထားပြီးသား ရေကြည်တွေ မို့ အလဟဿ ဆုံးရှုံးမှု မဖြစ်ဘို့ လိုအပ်ပါတယ်။ ရေတွေ အပြင် ကို လျှံထွက်ကျ မသွားဘို့ လိုအပ်ပါတယ်။
        • Archimedes ရဲ့ နိယာမ မှာ ဆိုထား သလို ပဲ ရေကူးတဲ့သူ တွေ ကန်ထဲဆင်းရင် ရေမျက်နှာပြင် က မြင့်တက် ရပါတယ်။ အထူးသဖြင့် ရေကန် အကြီးစား တွေ မှာ ရေကို မဆုံးရှုံးစေပဲ ရေမျက်နှာပြင် ကို ထိန်းထားချင် ကြပါတယ်။ ဒီလိုထားနိုင် ဘို့ အတွက် Balancing Capacity ဆိုတာ ကို စဉ်းစားရပါတယ်။ Balancing က သုံးမဲ့ Water Circulation System Configuration ပေါ်မှာ မူတည်ပါတယ်။
        • Balancing စဉ်းစားတဲ့ အခါ ရွေးစရာ စနစ် နှစ်ခု ရှိပါတယ်။ Balancing Tanks ပါတာနဲ့ မပါတာပါ။ မပါတဲ့ စနစ် မှာ Skimmer Boxes တွေ ပါလေ့ရှိပါတယ်။
          1. Balancing Tanks (with Scum Gutter etc.)
          2. Skimmer System

        • ပထမ တစ်ခု က ရေမျက်နှာပြင် ကို အမြဲ ထိန်းထား ချင်ရင် Scum Gutter Overflow နဲ့ Balancing Tank ကို သုံးရပါတယ်။ ဒီစနစ် က ကန်အရွယ်အစား မရွေးသုံးနိုင်ပါတယ်။
        • ရေမျက်နှာပြင် အနည်းငယ် အတက် အကျ ဖြစ်တာ (၃ - ၄ လက်မ ခန့်) ကို လက်ခံ နိုင်ရင် တော့ ဒုတိယ အမျိုးအစား Skimmer System ကို သုံးနိုင်ပါတယ်။ (ရေမျက်နှာပြင် အတက်အကျ ရှိတာမို့ ကန်ဘေး မှာ ရေရာတော့ ထင် နေနိုင်ပါတယ်။) Skimmer လို့ခေါ်ရတာ က ရေအပေါ်ယံ ကို ပဲ ဆွဲယူအောင် လုပ်ထားတဲ့ Weir ပါတဲ့ Skimmer Box ရဲ့ ဒီဇိုင်းကြောင့်ပါ။ ဒီစနစ် ကို အိမ်သုံး ကန်အသေးစား တွေ မှာပဲ သုံးသင့်ပါတယ်။
        • Balancing Capacity ကိုတွက်ချက်တဲ့အခါ ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေ ကတော့
          • ရေကူးမဲ့သူ အရည်အတွက် နဲ့ ပျမ်းမျှ အရွယ်အစား (avg 65L for Aseans, 85L for US)
          • ရေလှိုင်းထု (assumed 20-25mm)
          • ရေလှည့်ပေးမဲ့ စနစ်အတွက် အရံ Allowance for Pumping System and System Recirculation Delay



      5. Water Supply Make-up / Overflow Fittings
        • အကြောင်းအမျိုးမျိုး ကြောင့် လျော့သွားတဲ့ ရေတွေ ကို ပြန်ဖြည့်ပေး ဘို့အတွက် Water Supply Make-up Fittings တွေ လိုအပ်ပါတယ်။
        • Sand Filter / DE filter တွေ Backwash (ရေ ပြောင်းပြန် စီးပေးပြီး အနည်တွေ ထွက်သွားအောင် Filters တွေ ကို ဆေးပေးခြင်း။) လုပ်တဲ့ အခါ စစ်ပြီးသား ရေကူးကန် အတွက် ရေ Filtered Treated Water ကို သုံးရပါတယ်။ ဒါ့အပြင် အငွေ့ပျံ လို့ ဆုံးရှုံးတာ၊ လူတွေနဲ့ ကပ်ပါသွားလို့ ဆုံးရှုံးတာ၊ ကန်ရေလျှံလို့ ဆုံးရှုံးတာ၊ စသည်ဖြင့် ရေ ဆုံးရှုံးမှု တွေ ရှိပါတယ်။ ဒါတွေကို Make-up (ပြန်ဖြည့်ပေး) ဘို့ အတွက် အလိုအလျောက် ဖြည့်ပေးမဲ့ Water Supply Fittings တွေ ထည့်ပေးရပါတယ်။ Balancing Tank ပါတယ် ဆိုရင်တော့ ရေမှတ် Low Level တစ်ခု သတ်မှတ်ပြီး ဖြည့်ပေးနိုင်ပါတယ်။ ရေကူးကန် ထဲ တိုက်ရိုက် ဖြည့်ပေးနိုင်တဲ့ Fittings တွေလည်းရှိပါတယ်။
        • ဒီလို Backwash လုပ်တာ က လည်း တစ်ပါတ်တစ်ခါ လောက် အနည်းဆုံး လုပ်ရလေ့ရှိတာ မို့ ရေကန်ထဲ ကရေတွေ ကို တစ်ဖြေးဖြေးချင်း အသစ်လဲ ပေးရလည်း ရောက်ပါတယ်။ ဒါကြောင့် ရေကူးကန် တစ်ခုလုံး ကို ဖောက်ထုတ် ရေလဲ ဘို့ ပုံမှန် အားဖြင့် မလိုအပ်တော့တာ ဖြစ်ပါတယ်။
        • Save Environment, Conserve Water ! တစ်ခု သတိထားရမှာ က ရေတွေ အပို လျှံထွက် ဆုံးရှုံး မသွားရအောင် ဘယ်လောက်ဖြည့်ရမလဲ တွက်ချက် ချိန်ဆ ထား ဘို့ပါဘဲ။
        • Water Treatment System ထဲမှာ အကြောင်းအမျိုးမျိုး ကြောင့် လိုအပ်တာထက် ပိုနေတဲ့ရေတွေ ကို လျှံထွက်စေ ဘို့အတွက် Overflow Fittings တွေ လိုအပ်ပါတယ်။ ဥပမာ။ ။
          • Balancing Tank ပါတဲ့ စနစ်မှာ Balancing Tank ရဲ့ Overflow အမှတ်ကျော်လာရင်၊
          • Balancing Tank မပါတဲ့ စနစ်မှာ ရေကန်ရဲ့ Overflow အမှတ်ကျော်လာရင်
          ပိုနေတဲ့ ရေတွေ ကို Drainage System ထဲ လျှံကျ ထုတ်ပစ် ရပါတယ်။
        • ဖြစ်နိုင်ခြေ တွေကတော့။
          • Balancing Capacity ကို စနစ်တကျ ဒီဇိုင်းလုပ်မထားတာ။ (Treated Water သန့်စင်ပြီးသား ရေကို အလဟဿ ဆုံးရှုံး စေသည်။ )
          • မိုးရွာလို့ မိုးရေဝင် လို့ တိုးလာတာ
          • ဒီဇိုင်းလုပ်ထားတာ ထက် ပိုတဲ့ လူတွေ ဝင်လာတာ (ဒါကတော့ ဖြစ်ခဲပါတယ်။)


      6. Pipe & Fittings (Water Inlet Nozzles, Pipings, Pump Fittings, Main Drains, Channel Grating, Skimmers, etc.)
        • Pool Water Treatment System အတွက် Pipe & Fittings တွေ လိုအပ်ပါတယ်။
          • Water Inlet Nozzles (ကန်ထဲကို ရေထည့်ပေးဘို့ ရေဝင်ပေါက်)
          • Pipings & Fittings (ရေပိုက် နှင့် ပိုက်ဆက်များ )
          • Pumps Fittings (Strainers, Valves, Check Valves, Flexible Connectors, etc.)
          • ကန်ထဲကရေတွေ ကို Treatment System ထဲကို စီးပေးမဲ့ Main Drains, Channel Grating, Skimmers, etc.

      7. Underwater Lights (Low Voltage)
        • ညဘက်လို ကန်ရေထဲမှာ သဘာဝ အလင်းရောင် လုံလုံလောက်လောက် မရနိုင်တဲ့ အခါ ရေကူးနိုင်ဘို့ ရေအောက်မှာ မီးထွန်းပေး မဲ့ Underwater Light တွေကို သုံးရပါတယ်။ လျှပ်စစ် အန္တရာယ် မဖြစ်စေဘို့ အတွက် ဗို့အားနိမ့်နိမ့် (အများအားဖြင့် 24V ) ကိုသုံးရပါတယ်။ ရေထဲမှာ သုံးလို့ရအောင် ရေလုံ Water Seal တွေပါပါတယ်။ တကယ်လို့ မတော်တဆ ရေစိမ့်ဝင် ခဲ့ရင်တောင် မှ အလုပ်လုပ် နိုင်ပါလိမ့်အုံးမယ်။
        • အရွယ်အစား၊ ပုံစံ နဲ့ wattage တွေကိုတော့ Architect နဲ့ညှိနှိုင်းပြီး ရွေးချယ်ရပါမယ်။ Special Lighting Effect လိုအပ်ရင်တော့ Lighting Specialist နဲ့ တိုင်ပင်ကောင်း တိုင်ပင် ရနိုင်ပါတယ်။ သူ့အတွက် လိုအပ်တဲ့ နေရာ ကိုလည်း ကန်ဆောက်တဲ့ အခါ ထည့်သွင်း စဉ်းစားထားရမှာ ဖြစ်ပါတယ်။
        • Conduit တွေဆင်တဲ့အခါ မှာတော့ မတော်တဆ ရေဝင်ခဲ့ရင် Conduit တစ်လျှောက် စီးထွက် မသွားစေနိုင် ဘို့ သတိထား ရပါမယ်။


      8. Electrical Control Panel
        • Water Pumps နဲ့ Underwater Lights တွေ အတွက် Electrical Control Panels တွေ လိုအပ် ပါတယ်။
          • Electrical Safety မတော်တဆ ဖြစ်မှုတွေ ကို ကာကွယ်ဘို့ အတွက် RCCB
          • Pool Circulation အတွက် Timer
          • Underwater Lights တွေ အတွက် Step-down transformer
          • Treatment Plant အတွက် Ventilation Fans



    2. Capacity Calculations
      1. Turnover
        Turnover (hours) = Pool Water Volume / Pumping Rate per hour
        Pool Water Volume
        ft3 x 7.5 = US Gal
        Rectangular, Constant Depth ( Length x width x height )
        Rectangular, Sloped Depth
        Retangular, Mixed
        Odd Shape, Constant Depth
        Odd Shape and Odd Depth

      2. Water Balancing (Balancing Tanks Sizing vs Skimmer System)
        Water Balancing (Balancing Tanks Sizing vs Skimmer System)
        Bather Load
        Wave
        System









  6. Construction
    Coordination with Architects & Structural Engineers
    Aesthetic (Architectural Appeal)
    Spaces for MEP Systems
    Water Pressure vs Structure (similar to water tanks)
    Water Proofing to prevent water leaks (membrane, double slabs, puddle flanges, etc.)

  7. Pool Maintenance
    Cleaning / Vacuum
    Filter Backwash
    Water Quality Check
    System Check

    Winternize (Close During Winter) http://www.poolandspa.com/page107.htm

  8. Other Pools & Fish Ponds
    Separate Pumping for
    Jacuzzi
    Spa
    Water Fall (Separate Pumps Sets)
    Water Fountains, Water Features and Display (Separate Pumps Sets)
    Wave (Separate Blowers)
    Zero Entry Pools

    Swimming Pool <> Fish ponds (Totally different, Treatment, Filter, etc.)
    Very Expensive Fishes died bcoz pool water splash into fish ponds



  9. Natatoriums - HVAC

  10. References



Web-Links
  1. Code & Regulations
    1. National Swimming Pool Foundation, USA: Code Links [ http://www.nspf.org/Codes_Links.html ]
    2. NEA Singapore - Code Of Practice On Environmental Health 2005 with Addendum 1,2 & 3 Chapter 7 Swimming Pool, 2009 Jan
      [ http://app2.nea.gov.sg/cop_copeh_sp.aspx ]

    3. NEA Singapore - Swimming Pool License
      [ http://app2.nea.gov.sg/onlinesvcs_swimmingpool.aspx ]

    4. NEA Singapore - Swimming Pool License Renewal Application
      [ http://app2.nea.gov.sg/NEADownload.aspx?res_sid=20081202770387696494 ]

    5. USA, Georgia Counties: Codes Lists
      [ http://waterworldinc.net/CodeSection/CountyList.htm ]

    6. USA : Georgia Counties: Fulton County Codes
      [ http://waterworldinc.net/CodeSection/CountyList.htm ]

    7. Western Australia : Code of Practice for the Design, Construction, Operation, Management and Maintenance of Aquatic Facilities (October 2009) pdf download
      [ http://www.public.health.wa.gov.au/cproot/1893/2/CODE OF PRACTICE-AQUATIC FACILITIES 2009.pdf ]

    8. Western Australia : Code of Practice for the Design, Construction, Operation, Management and Maintenance of Aquatic Facilities (October 2009) Online
      [ http://www.public.health.wa.gov.au/3/914/2/code_of_practice.pm ]



  2. Reference Standards
    1. Olympic Standards : Fédération Internationale de Natation (FINA)
      [ http://www.fina.org/project/index.php?option=com_content&task=view&id=51&Itemid=119 ]

    2. Anthropometrics: (United States Swimming)
      [ http://www.usaswimming.org/USASWeb/DesktopDefault.aspx?TabId=234&Alias=rainbow&Lang=en ]

    3. PWTAG : Treatment and quality standards for pools and spas
      [ http://www.pwtag.org/home.html ]


  3. Online Articles
    1. Swimming Pool Fundamentals.html [ http://www.watermaid.ca/swimming-pool-fundamentals.html ]
    2. USA : Georgia Counties: Fulton County Codes (Good Reference)
      [ http://waterworldinc.net/CodeSection/CountyList.htm ]

    3. Wiki Swimming_pool [ http://en.wikipedia.org/wiki/Swimming_pool ]
    4. Pool Operations [ http://www.jazziepools.com/services/poolops.asp ]
    5. Swimming Pool Sanitation Article
      [ http://www.pressreleasepoint.com/swimming-pool-sanitation-make-your-swimming-pool-clean-and-safe-health ]

      Pool Care Guide: from Doheny’s Water Warehouse
      [ http://www.waterwarehouse.com/swimming-pool-care-guide.aspx ]


  4. Pool Fittings Manufacturers / Suppliers
    1. Pentair Water Pool and Spa [ http://www.pentairpool.com/ ]
    2. Hayward Pool Product [ http://www.haywardnet.com/ ]
    3. Hayward : Pools Fittings Owner's Manual Download
      [ http://www.haywardnet.com/inground/products/manuals.cfm ]


    4. Hydrotech (uae) [ http://www.hydrotechuae.com/ ]





ဒီဇိုင်း ကို အသေးစိတ် သတ်မှတ်ပေး ထားတာက
http://waterworldinc.net/CodeSection/FultonCountyFiles/FultonCountyCodes.htm


Archimedes’ Principle

Fédération Internationale de Natation (FINA) is the International Federation (IF) recognized by the International Olympic Committee (IOC)[1] for administering international competition in the aquatic sports (its name translated from French is "International Swimming Federation").

its name translated from French is "International Swimming Federation").
FINA Facilities Rules
Fédération Internationale de Natation - FINA (fina.org)
http://www.fina.org/project/index.php?option=com_content&task=view&id=51&Itemid=119


SWIMMING POOL WATER
Treatment and quality standards for pools and spas
http://www.pwtag.org/home.html




Pool တစ်ခု Online ဆွဲနိုင်ဘို့။
http://www.mydreampool.com/

Read More...

Monday, October 5, 2009

HVAC Control (01) - Chilled Water Fan Coil Units

  • Air Conditioning System မှာ အသုံးများတဲ့ Equipment တစ်မျိုး ကတော့ Room Fan Coil Unit ပါ။
  • သုံးလေ့ရှိတဲ့ Chilled Water Fan Coil Application တွေကတော့။
    1. Constant Volume (Cooling) with Temperature Control
    2. Constant Volume (Cooling) with Temperature & Humidity Control
    3. Multi-Speed (Cooling) with Temperature Control
    4. Variable Speed (Cooling) Control
    တွေ ဖြစ်ကြပါတယ်။

  1. Constant Volume (Cooling) with Temperature Control
    • ဒါကတော့ Air Conditioning မှာ Chilled Water Fan Coil Unit သုံးတဲ့ အခါ အသုံးအများ ဆုံး Configuration ပါ။
    • တစ်ခါတစ်ရံ BAS Controller အစား Microprocessor ပါပြီးသား ဖြစ်တဲ့ အသင့် FCU Remote Controller ကို သုံးတာလည်း ရှိပါတယ်။
    • Speed Control (Hi/Med/Low) ကို လိုချင်ရင် Control Panel မှာ ထည့်သွင်းနိုင်ပါတယ်။
    • အခန်းကို သန့်အောင် လေ ကို Filter နဲ့ ထပ်ခါထပ်ခါ စစ်နိုင်ဘို့ Air Change Rate လိုအပ်တဲ့ အခါ မှာတော့ Single Speed - Constant Volume System ကို သုံးပါတယ်။
    • အသေးတွေ မှာတော့ Temperature Control က Critical မဟုတ်ခဲ့ရင် Chilled Water Control Valve ကို Modulating မဟုတ်ပဲ On-Off Control နဲ့ တင် သုံးလို့ ရပါတယ်။ ဒါပေမဲ့ Temperature Trend Pattern ကတော့ သိပ်ညီညာနေမှာ မဟုတ်ပဲ Set point နားမှာ လွှသွားလို အတက်အကျ ဖြစ်နေပါလိမ့်မယ်။
    • Return Air Temperature ( Room Air Temperature) ကို Sense လုပ်၊ Controller ထဲမှာ ထည့်ထားတဲ့ Set Point နဲ့ နှိုင်းယှဉ် ပြီး Chilled Water Flow ကို အနည်းအများ ညှိဘို့ အတွက် Motorized Valve ကို Control လုပ်တာပါ။ Temperature Control က Critical ဆိုရင်တော့ ထိန်းနိုင်ဘို့ အကောင်းဆုံး က PI (Proportional & Integral) Control သုံးဘို့ပါပဲ။
    • Automatic Control အခြေခံ တွေကို Automatic Control Systems မှာ ဖော်ပြခဲ့ ပါတယ်။ ဒီစာ ကို မဖတ်ခင် သွားရောက် လေ့လာ စေလိုပါတယ်။
    • Constant Volume (Cooling) with Temperature Control နမူနာ တစ်ခု ကို အောက်မှာ ဖော်ပြထားပါတယ်။

    • Control Diagram




    • BAS I/O Points Schedule
      NO.INPUT / OUTOUT VARIABLESDOAODIAI
      1RETURN AIR TEMPERATURE   1
      2FAN ON/OFF CONTROL1   
      3FAN ON/OFF STATUS  1 
      4FAN TRIP STATUS  1 
      5LOCAL/BAS SWITCH MODES  1 
      6CHILLED WATER VALVE CONTROL 1  
      7CONTROL VALVE POISTION   1
       TOTAL :1132
      Note: Temperature control shall be of PI mode
    • Point Schedule နဲ့ ပတ်သက်ပြီး သိသင့်တာတွေ ကတော့။
      • Local Control အတွက် ဆိုရင် တော့ အရေးအကြီး ဆုံး က No. 1 : Room/Return Air Temperature နဲ့ No.6 : Chilled Water Valve Control ဖြစ်ပါတယ်။ PI Mode အတွက် No.7 : Chilled Water Valve Position ကလည်း ပိုပြီး ထိထိရောက်ရောက် ထိန်းနိုင်ဘို့ အကျိုးပြုပါတယ်။
      • No. 2 : FAN ON/OFF CONTROL နဲ့ No. 5 : LOCAL/BAS SWITCH MODES တွေ က Central BMS ကနေ ထိန်းပေးနိုင်ဘို့ အထောက်အကူ ပြုပါတယ်။
      • No. 3 : On/Off Status နဲ့ No. 4 : FAN TRIP STATUS တွေ ကတော့ Monitoring လုပ်ဘို့ အတွက်နဲ့ ပြဿနာ တစ်ခုခု ရှိရင် Alarm ပေးနိုင်ဘို့ပါ။

    • ပစ္စည်းတွေ ရွေးချယ်တဲ့ အခါ စဉ်းစားရမှာ တွေကတော့
      • Modulating Valve:
        • Size မှန်ဘို့၊
        • အမျိုးအစားမှန်ဘို့
        • Flow Characteristic သင့်လျော်ဘို့၊ မှန်ဘို့။
      • Modulating Valve Drive :
        • Valve နဲ့ သင့်တော်ဘို့၊
        • Controller နဲ့ Compatible ဖြစ်ဘို့
      • Sensor
        • Type အမျိုးအစား သင့်တော်ဘို့
        • Range & Accuracy သင့်တော်ဘို့
        • Response Time သင့်တော်ဘို့
      • Controllers
        • Reliability (စိတ်ချရဘို့၊ ထိန်းနိုင်တာ သေချာဘို့)
        • Interface (BAS နဲ့ ချောချောမွေ့မွေ့ ဆက်သွယ် နိုင်ဘို့)

    • အသေးစိတ် ကို အရင် Post Automatic Control Systemsတွင် လေ့လာပါ။
    • FCU Off (i.e. Fan Off) (စက်ပိတ်) ထားတဲ့ အချိန်မှာ Motorized Control Valve ကိုလည်း Close (Off) လုပ်ပြီး ပိတ်ခိုင်းဘို့ Interlock လုပ်ပေးရပါမယ်။ (Controller ထဲမှာ Program Logic ကို ဒီလို ထည့်လို့ ရလေ့ ရှိပါတယ်။)


  2. Constant Volume (Cooling) with Temperature & Humidity Control
    • အပေါ်က Control က Space Temperature ကို ထိန်းဘို့ အတွက် အဓိက ပါ။ Humidity ကို အတိုင်းအတာ တစ်ခု အထိတော့ ထိန်းမယ် ဆို ထိန်းလို့ ရနိုင်ပါတယ်။ Sensible Heat Ratio ကလည်း များမယ် Sensible Heat Ratio = ( Sensible Load / Total Load ) > 0.8 ၊ နောက်ပြီး Space Sensible Load ကလည်း အပြောင်းအလဲ သိပ်မရှိဘူး၊ Humidity Control ကလည်း သိပ် Critical မဟုတ်ဘူး ဆိုတဲ့ အခြေအနေ မျိုးမှာပါ။
    • ဒီ အခြေအနေ မျိုးမှာ Humidity ထိန်းဘို့ အတွက် အခန်းထဲ က လိုအပ်တဲ့ Dew Point Temperature အထိ ရအောင် ချထားတဲ့ Treated Outdoor Air ကို သွင်းပေးထားရင် Humidity Control က Critical ဆိုရင်တောင် ထိန်းလို့ ရလေ့ရှိပါတယ်။ (အောက် က ပုံ ကို ကြည့်ပါ။ )


    • Humidity ထိန်းတဲ့ နည်းလမ်းတွေ ကတော့။
      1. Constant Volume Air Supply with Treated Outdoor Air Ventilation (when RSH is high)
      2. Constant Volume Air Supply with Re-Heat Coil (when RSH is low / varies)
      3. Variable Volume Air Supply with Constantly cool coil

    • အခန်းထဲ မှာ Wet Process ပါလို့ ဒါမှ မဟုတ် လူတွေ သိပ်ကျပ်နေလို့ ချွေးထွက်များမဲ့ အခြေအနေ မှာ Sensible Heat Ratio က နည်းလာပါတယ်။ ဒီအခြေအနေ မှာ Humidity ကိုပါ ထိန်းဘို့ လိုအပ်လာတဲ့ အခါ Constant Volume System ဆိုရင် အရမ်း အေး မသွားအောင် နဲ့ RH တက်မလာ အောင် ထိန်းဘို့ Sensible Heat တင်ပေးဘို့ Re-heat လိုအပ်တာမို့ Heater ထည့်ပေးရပါမယ်။ Thermistor Controlled Electrical Heater က Control လုပ်လို့ ကောင်းပါတယ်။ AHU ဆိုရင် တော့ Condenser Water ကို အသုံးချဘို့ စဉ်းစား ချင့်ချိန်သင့်ပါတယ်။

    • ဒီအတွက် Heater Capacity Control လုပ်ဘို့ အတွက် BAS point တစ်ခု ထပ်တိုးလာပါတယ်။
      NO.INPUT / OUTOUT VARIABLESDOAODIAI
      1RETURN AIR TEMPERATURE   1
      2FAN ON/OFF CONTROL1   
      3FAN ON/OFF STATUS  1 
      4FAN TRIP STATUS  1 
      5LOCAL/BAS SWITCH MODES  1 
      6CHILLED WATER VALVE CONTROL 1  
      7CONTROL VALVE POISTION   1
      8Electric Heater Capacity Control 1  
       TOTAL :1232
      Note: Control shall be of PI mode
    • Humidity Control အတွက် စဉ်းစားတဲ့ အခါ Process နဲ့ Psychrometry ကို သေသေချာချာ နားလည်နေဘို့ လိုအပ်ပါတယ်။ Humidity Control အတွက် Dew Point Temperature 10.8°C လောက်လိုချင် တဲ့ အခါ Chilled Water Temperature က 5 to 6.5 °C ကသင့်တော်ပြီး 8°C ထက် မြင့်လို့ မရတာ သတိထားပါ။
    • Variable Fan Speed နဲ့ ထိန်းရင် လည်း အတိုင်းအတာ တစ်ခု အထိ အဆင်ပြေတတ်ပါတယ်။


  3. Multi-Speed (Cooling) with Temperature Control
    • သဘောတရား ကတော့ Constant Volume နဲ့ အတူတူပါပဲ။ လုပ်လေ့ရှိတာ က တော့ (Thermostat / Control Panel) မှာ Hi/Med/Low Mode ကိုရွေးချယ်ခွင့် ရတာပဲ ပိုပါတယ်။



  4. Variable Speed (Cooling) Control
    • ဒီ FCU တွေ က သက်ဆိုင်ရာ Manufacturer တွေ ရဲ့ Special Equipments တွေပါ။ အများအားဖြင့် တော့ Remote နဲ့ အတူ Microprocessor Control ပါပြီး အပြင် က သီးသန့် Controller ထည့်ပေးစရာ လိုအပ်လေ့ မရှိပါဘူး။
    • FCU Fan Drive တွေ က အထူးဒီဇိုင်း လုပ်ထားတဲ့ Motor Drive တွေ ပါ။ (ဥပမာ။ ။ Stepless Motor Drive)


  5. Chilled Water Valve Control: On-Off vs. (PI) Modulating
    • လေထဲမှာ ရှိတဲ့ ပကတိ ရေငွေ့ ပမာဏ Absolute Humidity (Humidity Ratio) မပြောင်းလဲ တဲ့ အခြေအနေ (Wet Process မရှိတဲ့ နေရာ၊ Storage (သို့) Human Occupancy နည်းတဲ့ နေရာ) ၊ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် Sensible Cooling / Heating ပဲလိုအပ်တဲ့ အခါမှာ Temperature နဲနဲ လေးပြောင်းတာ နဲ့ Relative Humidity (RH) သိသိသာသာ ပြောင်းတာ ကို တွေ့ရပါမယ်။ (ဒီ အချက် ကို Humidity Control လုပ်ဘို့ လိုအပ်တဲ့ အခါ တိုင်း ထည့်သွင်း စဉ်းစား ဘို့ မမေ့စေချင် ပါဘူး။)
    • အောက်မှာ Psychometric Chart ကနေ Extract လုပ်ထားတဲ့ ပုံကို ဖော်ပြ ထားပါတယ်။

    • ဒီပုံ အရ Room Condition Setpoint 23°C နဲ့ 50% RH အနေအထားမှာ 1°C ပြောင်းတာ နဲ့ 3% RH ပြောင်းသွားတာ တွေ့ရပါမယ်။
    • ဒါကြောင့် Valve On-Off နဲ့ ပဲ ထိန်းတဲ့ Temperature က Set point အနား အတက်အကျ ဖြစ်တာ မို့ RH က လည်း ဒီလို လှိုင်းပေါ်လာပါတယ်။


    • PI (Proportional plus Integral) Modulating Control နဲ့ ထိန်းတဲ့ အခါ မှာတော့ Temperature က Set point နားမှာ ကပ်နေပြီး RH ကလည်း ပိုပြီး ငြိမ်နေတာ တွေ့ရပါမယ်။


    • Sensible Load က တဖြေးဖြေး ဝင်လာ တာ ဖြစ်ပေမဲ့ လေထဲ ကို ရေငွေ့ထည့်တဲ့ Latent Load ကတော့ ချက်ချင်းရောက်ပါတယ်။
      Humidity (Latent) Load = Instant Load
    • ဒါကြောင့် Wet Process (Spray Washing, Steam Fumes, etc. )ရှိတဲ့ အခါ သေသေချာချာ စဉ်းစားရပါတယ်။ လိုအပ်ရင် Local Exhaust နဲ့ Process ကို Interlock လုပ်ပေးရပါမယ်။
    • Chilled water Valve On တဲ့ အခါ Coil Apparatus Dew Points က အခန်းရဲ့ Dew Point Temperature ထက်နိမ့်မယ် ဆိုရင်) Condensate ဖြစ်တတ်ပါတယ်။ Valve ပိတ်လိုက် တဲ့ အခါ Coil Temperature တက်လာတာ မို့ ပြန် အငွေ့ ပြန်နိုင်ပါတယ်။ ဒီလို အခြေအနေ ဆို RH Variation က ပိုတောင် များပါလိမ့်အုံးမယ်။ (ဒီအခြေအနေ အတွက် အထိုက်အလျောက် ဖြေရှင်းပေးနိုင်မှာ ကတော့ Apparatus Dew Point Temperature က အခန်းရဲ့ Dew Point Temperature ထက် မြင့်တဲ့ Dry Coil ကို ရွေးချယ်သုံးဘို့ပါ။ Chilled Water Supply Temperature ကို လည်း ဒီ Dry Coil နဲ့ သင့်တော်အောင် မြှင့် ပေးရပါလိမ့်မယ်။)



Read More...

Monday, September 7, 2009

Automatic Control Systems in Buildings

  • မျက်မှောက်ခေတ် Buildings တွေ မှာ Equipments တွေ က အများကြီး မို့ ဒီ Equipments တွေ ကို ထိန်းသိမ်း မောင်းနှင် တဲ့ အခါ operator တွေ အများကြီး နဲ့ manually operate လုပ်တာ က efficient မဖြစ်၊ မထိရောက်တော့ ပါဘူး။
  • ဒါကြောင့် အလိုအလျောက် ထိန်းသိမ်း အလုပ်လုပ် ဆောင်နိုင်မဲ့ Automatic Control တွေ က အရေးပါ လာပါတယ်။ အထူးသဖြင့် Dynamic Response လိုအပ်တဲ့ အခါ အလိုလို တွက်ချက် ထိန်းချုပ်ပေးနိုင်တဲ့ Automatic Control Systems တွေ က ပိုမိုထိရောက် စွာ စွမ်းဆောင် ပေးနိုင်ပါတယ်။



  1. Introduction
    • Building Owner ရဲ့ Operation လိုအပ်ချက် နဲ့ တတ်နိုင်တဲ့ ငွေကြေး Budget ကို လိုက်လို့ ရိုးရိုးရှင်းရှင်း Simple Stand-alone Control ကနေ Integrated Control Systems အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
    • ဒီလို Control Systems တွေ ကို သုံးစွဲမှု အတိမ်အနက် ကို လိုက်ပြီး အခေါ်အဝေါ် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
      • Automatic Control System
      • Home Automation System
      • Building Automation System (BAS)
      • Building Management System (BMS)
      • Energy Monitoring and Control System (EMCS)
      • Energy Management System (EMS)
      • Facility Management System (FMS)

    • ရိုးရှင်းတဲ့ Control Systems ဥပမာ တွေ ကတော့။
      • Domestic Water Transfer Pump Control
        • အမိုးပေါ် ကရေကန်ထဲမှာ ရေမရှိရင် မောင်းတင်၊ ရေပြည့်ရင် အလိုလိုရပ်၊
        • ရေကန်ထဲမှာ ရေနည်းရင် (သို့) ရေလျှံ နေရင် အချက်ပေး (Alarm)
        • ရေပန့်တစ်ခု အလုပ်မလုပ်ရင် နောက်တစ်ခု အလိုလို အစားဝင်၊
        • သာမန် အခြေအနေ မှာ မီတာခ သက်သာ တဲ့ ညအချိန် Timer ပေးထားပြီး ရေမပြည့်မချင်း မောင်းတင်တာ၊ ပြည့်သွားရင် အလိုလို ရပ်
      • Drainage Sump Pump Control
        • ရေဆိုးကန်၊ မိုးရေကန် ရေပြည့်ရည် အလိုလို မောင်းထုတ်။
        • ရေလျှံ နေရင် အချက်ပေး
      • Fire Pump Control
        • အရေးပေါ် မီးအခြေအနေ မှာ မီးသတ်ရေပန့် အလိုလို မောင်း။
        • မီးလှန့် Fire Alarm Activate လုပ်။

    • ဒီလို Control မျိုးက Central BAS နဲ့ မတွဲပဲလည်း Control Panel ကနေ တိုက်ရိုက် ထိန်းလို့ ရပါတယ်။ Central BAS နဲ့ တွဲချင်ရင်တော့ Controller နဲ့ Contact Point ပေးရပါလိမ့်မယ်။
    • HVAC လို Environment Control လုပ်ဘို့ လိုအပ်လာတဲ့ အခါ မှာ တော့ ရိုးရိုးရှင်းရှင်း ကနေ ပိုမို ရှုတ်ထွေး သိမ်မွေ့ တဲ့ Control System တွေ လိုအပ်လာပါတယ်။
    • Building MEP Services တွေဖြစ်ကြတဲ့ HVAC Systems, Plumbing Systems, Fire Protection and Life Safety Systems, Lighting, Power နဲ့ Security System တွေ ကို controls and monitors လုပ်နိုင်မဲ့ computer-based control system တွေ ကို BAS (သို့) BMS လို့ ခေါ်ဆိုလေ့ ရှိကြပါတယ်။
    • အရေးပေါ် အခြေအနေ မှာ သူ့အလိုလို အလုပ်လုပ်တာ၊ တာဝန်ရှိတဲ့ သူတွေ ဆီ SMS (သို့) email ပို့ အကြောင်းကြား တာ၊ အရေးပေါ် ကြေငြာချက်တွေ ကို ကြိုတင် အသံသွင်းထားတဲ့ အတိုင်း ထုတ်လွှင့်တာတွေ ပါ ထည့်သွင်းပေးနိုင် ပါသေးတယ်။
    • တင်းကျပ်တဲ့ Stringent Environment Control Conditions နဲ့ Utilities Systems တွေ အများကြီး ပါဝင်တဲ့ Electronic / Pharmaceutical Factories တွေ မှာတော့ ဒီ Building Control Systems က အဆပေါင်း များစွာ ပိုမိုသိမ်မွေ့၊ ပိုမို ရှုတ်ထွေး တာမို့ Facility Management System (FMS) လို့ ခေါ်ဆို ကြပါတယ်။
    • စာရေးသူ ပါဝင်ဆောက်လုပ်ခဲ့ ဘူးတဲ့ Electronic Factory တစ်ခုက ပထမဆုံး Phase 1 မှာ Cleanroom အတွက် ULPA Filter တပ်ဆင်ထားတဲ့ FFU (Fan Filter Units) အလုံး 3,600 တပ်ဆင် ရပါတယ်။ တစ်လုံးစီ က လိုအပ်ချက် အတိုင်း Air Flow Velocity ရစေဘို့ တစ်ခုချင်း Speed (rpm) ညှိပေးရပါတယ်။ ဒါကို အစမှာ manually setup လုပ်လို့ ရပေမဲ့ တကယ်တန်း operate လုပ်တဲ့ အခါမှာ FMS မပါရင် ဘယ်လို မှ ခရီးတွင်မှာ မဟုတ်ပါဘူး။
    • ဒီ FMS လိုပဲ သိမ်မွေ့နက်နဲ နိုင်တဲ့ Industrial Control / Automation Systems တွေနဲ့ Process Control Systems တွေလည်း ရှိပါသေးတယ်။ ( စာရေးသူ မှာ ဒီ အခြား Control Systems နဲ့ပတ်သက်ပြီး NUS မှာ MSc. တက်တုန်းက စာတွေ့ သင်ယူ လေ့လာခဲ့ ဘူးပေမဲ့ အတွေ့အကြုံ တော့ မရှိသေးပါဘူး။ )


    - Back to Top -

  2. BAS Points Schedule and Control Strategies
    • Building Engineer တွေ သိထားသင့်တဲ့ BAS အခြေခံ တွေ ကတော့
      1. BAS Points Schedule
        • Input / Output
        • Digital / Analog
      2. Control Strategies (Control / Monitor / Alarms)


    1. BAS Points Schedule
      • အခြေခံ အနေနဲ့ ပြောလေ့ ရှိတာက BAS Points Schedule ပါ။ DI (Digital Input), DO (Digital Output), AI (Analog Input), AO (Analog Output) စသည်ဖြင့် တွေ့နိုင်ပါတယ်။ ရချင်တဲ့ Control Strategies ကို လိုက်ပြီး လိုအပ်တဲ့ points အရေအတွက် ကို သတ်မှတ်ရပါတယ်။

      • Input or Output : Control Terminal Box ဘက် ကနေ ကြည့် ပြီး အဝင်အထွက် ကို ခေါ်တာပါ။
        • Output: Control System ကနေ Equipment ဆီကို ထွက်ရင် Output, ဒါကို Command Signal လို့ ခေါ်နိုင်ပါတယ်။
        • Input: Equipment / Instruments ထဲကနေ Control System ထဲကို ဝင်လာရင် Input ပါ။ ဒါကို Status Signal လို့ ခေါ်နိုင်ပါတယ်။

      • Digital (Binary) or Analog :
        • Digital : Two Position (either 0 or 1) 0 နဲ့ 1 တစ်ခုခု ပဲ ဖြစ်နိုင်တာ မို့ Digital လို့ ခေါ်တာပါ။ တစ်ခါတစ်ရံ Binary လို့လည်း ခေါ်တတ်ကြပါသေးတယ်။
        • Angalog : Any Position (from 0 to 1), 0 ကနေ 100% အတွင်း Any Value ကို သတ်မှတ် နိုင်တာမို့ Analog လို့ ခေါ်တာပါ။

      • DO (Digital Output) : Equipment တစ်ခုခု ကို စဘို့၊ ရပ်ဘို့ (သို့) Actuator တစ်ခုခု ကို အဖွင့်အပိတ် (အပြည့်ဖွင့်၊ အပြည့်ပိတ်) လုပ်ခိုင်း နိုင်တဲ့ Command Signal ပါ။
        • On / Off (Sometimes called Start / Stop) : Equipments
        • Open / Close [ Fully Open / Fully Close ] : Motorized Actuators, Valve, Dampers

      • AO (Analog Output) : Equipment တစ်ခုခု ရဲ့ လည်ပတ်နှုန်း (rpm) ကိုထိန်းဘို့၊ (သို့) Actuator တစ်ခုခု ကို (အပြည့်ဖွင့်၊ အပြည့်ပိတ် တင် မဟုတ်ပဲ) လိုချင်တဲ့ နေရာ အလိုက် အဖွင့်အပိတ် Modulating လုပ်ခိုင်း နိုင်တဲ့ Command Signal ပါ။
        • Modulating Control : Motorized Actuators, Valve, Dampers
        • Speed Control : Variable-Frequency Drive(VFD) [ VFDs are also know as Adjustable-Frequency Drives (AFD), Variable-Speed Drives (VSD), AC drives, Microdrives or Inverter drives.]
        • Capacity Control : Thermistor Controlled Electric Heater

      • DI (Digital Input) : ဖြစ်နိုင်ချေ ရှိတဲ့ Condition နှစ်ခု အနက် က ဘယ်တစ်ခု ဖြစ်နေသလဲ ဆိုတဲ့ Status ကို Feedback ပေးလာတဲ့ Status Signal Point ပါ။ သိချင်တဲ့ Equipment တစ်ခု လည်နေလား ၊ ရပ်နေလား၊ ဒါမှမဟုတ် မလည်နိုင်ပဲ Trip ဖြစ်နေသလား။ Actuator က ပွင့်နေသလား၊ ပိတ်နေသလား။ Differential Sensor (Pressure, etc.) တစ်ခုခု လိုတဲ့ အနေအထား ရပြီလား၊ Control Panel က Auto Mode စတဲ့ အခြေအနေ တွေ ကို ပေးတာပါ။
        • On / Off Status : Equipments, Differential Pressure Switch, etc.
        • Open / Close Status : Motorized Actuators, Valve, Dampers
        • Trip Status : Equipments
        • Operating Mode : Auto/Off/Manual Switch Modes, Local / BAS Control Mode, etc.
        • Water Level: Water Tank High Level, Low Level (Pump Stop), Pump Start Level, etc.
        • Alarm: Fault Alarm, System High Pressure, Low Pressure, Water Tank Extra High Level (Overflow), Extra Low Level (Empty), etc.
        • Pulse Input: Water Meter / Gas Meter / BTU meter, etc.

      • AI (Analog Input ) : သိချင်တဲ့ အခြေအနေ Status Signal တွေ ကို Sensor / Transmitter / transducer တွေကနေ ယူတာပါ။ ဒီ Input တွေ က ရတဲ့ အခြေအနေ တန်ဘိုး တွေ ကို မူတည် ပြီး ဘယ်လို Control လုပ်မယ် ဆိုတဲ့ Control Strategies တွေ ကို သတ်မှတ်ရပါတယ်။ ဥပမာ တွေ ကတော့။
        • Temperature : Space, Supply / Return Air, Chilled Water, Hot Water, etc.
        • Humidity : Room, Supply Air
        • Pressure : Air System, Water Systems, Compressed Gas, etc.
        • Differential Pressure : Air System, Water Systems, etc.
        • Flowrate : Air System, Water Systems, etc.
        • Ampere : Equipment Power Usage
        • Speed : Variable-Frequency Drive (VFD), etc.
        • Lighting Illuminance Level (lux)
        • Indoor Air Quality Sensors : CO Sensors, CO2 Sensors, etc.
        • PH : Industrial Discharged Water, Industrial Exhausts, etc.

      • Analog Input ထဲမှာ Voltage, Current, Thermistor (Resistance) ဆိုပြီး Input သုံးခု ရှိတဲ့ အနက် အချို့ Controllers တွေမှာ Thermistor Inputs, TI ကို သီးသန့်ခွဲ သတ်မှတ် တာလည်း ရှိပါတယ်။ Thermistor Input တွေက အများအားဖြင့် Temperature ဖြစ်လေ့ရှိပါတယ်။ (A thermistor is a type of resistor whose resistance varies with temperature.) အချို့ Controllers တွေကတော့ Analog Input တစ်မျိုးမျိုးသာ မက Digital Input ကိုပါ လက်ခံ နိုင်တဲ့ Universal Inputs, UI ဆိုပြီးလည်း ပေးတတ်ပါတယ်။ Point Schedule မှာတော့ ဒါတွေ ကို ( ဖော်ပြဘို့မလိုအပ်တာမို့ ) ဖော်ပြလေ့ မရှိပါဘူး။

      • HL (High Level Interface) : Chillers တွေ လို တကယ့် Advanced Control System ပါပြီးသား Equipments တွေ ကတော့ HL (High Level Interface) နဲ့ တိုက်ရိုက် Communicate လုပ်နိုင်ပါတယ်။ သတိထား ရမှာ က Communication Protocol နဲ့ Network Cabling Standard ပါပဲ။


    2. Control Strategies
      • Building Owner တွေနဲ့ Operator တွေက စိတ်ချပြီး လွယ်လွယ်ကူကူ သုံးစွဲ ထိန်းသိမ်း နိုင်မဲ့ Control Systems တွေကို ပဲ လိုချင်ပါတယ်။ ဒါကြောင့် designer က Control System အတွက် လိုအပ်တဲ့ အချက်အလက် တွေ ကို ပေးရပါမယ်။ အဲဒါတွေကတော့
        • Control Sequence of Operation
        • A Control Schematics
        • Diagram showing interaction between various parts of the system
        • Commissioning Instruction
        • A maintenance checklist

      • Building Owner က ဘယ်အဆင့်အထိ Control (သို့) Monitor လိုချင်တာလဲ။ Allowable Tolerance ဘယ်လောက် အတိုင်းအတာအတွင်း တိတိကျကျ ရချင်တာလဲ ဆိုတာတွေ ပေါ်မူတည်ပြီး စဉ်းစားရပါတယ်။ စဉ်းစားရမဲ့ အဆင့်တွေ ကတော့၊
        • Simple Monitoring
        • Space Environmental Control (Temperature, Humidity, Pressure, Cleanliness, etc.)
        • Scheduled (Timer) Control
        • Data Acquisition
        • Equipment Performance Control, Sequencing, Loading
        • Energy Usage Monitor and Optimization
        • Control Optimization: Static or Dynamics

      • Local Loop (or) Supervisory Control ?
        • Lower Level Local-Loop Control ဆိုတာက သိပ်ပြီး ရှုတ်ရှုတ်ထွေးထွေး မရှိလှတဲ့ Domestic Water Pumps, Drainage Pumps, Room FCU တွေ ကို အများအားဖြင့် Lower Level Local-Loop Control နဲ့ ထိန်းနိုင်ပါတယ်။ Single Set point ထားပြီး actuator နဲ့ ပဲ အတိုးအလျှော့ လုပ်ပေးပြီး ထိန်းတာပါ။ (ဥပမာ။ ။ Chilled Water FCU ရဲ့ Supply Air Temperature ကို ထိန်းဘို့ Chilled Water Control Motorized Valve ကို လိုအပ်သလို အဖွင့်အပိတ် လုပ်ပေးခိုင်းတာ မျိုးပါ။)
        • Upper Control Level ဖြစ်တဲ့ Supervisory (or Remote) Control ကတော့ လိုအပ်သလို set points ပြောင်းတာ၊ အချိန်အလိုက် အလုပ်လုပ်စေမဲ့ time-dependent modes of operation ထားတာ, Control Optimization လုပ်တာ နဲ့ Data Acquisition လို့ခေါ်တဲ့ အချက်အလက် တွေ စုဆောင်း တာတွေ ကို ပါရနိုင်ပါတယ်။

      • Control (and/or) Monitor ?
        • Control (and/or) Monitor ဘယ်လို လုပ်ချင်တာလဲ။
        • Remote On/Off Control လိုအပ်သလား၊ လိုအပ်ရင် On/Off နဲ့တင် လုံလောက်သလား၊ ဒါမှမဟုတ် ဘယ်လောက် အဆင့်အထိ ထိန်းချုပ်ဘို့ လိုအပ်သလဲ။ ဒီလို Control လုပ်ဘို့ အနည်းဆုံး ဘယ် Data တွေ လိုအပ်သလဲ။ နောက်ထပ် ဘယ် Data တွေ ကို လိုချင်သေးလဲ။
        • Monitor ဆိုရင်လည်း အနည်းဆုံး ဘယ် Data တွေ ကို လိုချင်တာလဲ။ ဘာ Status တွေ ကို Monitor လုပ်ချင်တာလဲ။ In Operation လည်နေ မနေ (On/Off Status) ကိုသိချင်သလား။ အခြားဘယ် Operating parameter တွေရဲ့ အခြေအနေ ကိုသိချင်သလဲ။ Alarm ဆိုရင် Specific လား ဒါမှမဟုတ် General လား။ (ဥပမာ။ ။ Water Pumps အတွက် Water Tank Empty, Water Tank Overflow, Pump Trip, No Flow တစ်ခုချင်းစီ ကို BAS ကနေ သိချင်သလား၊ ဒါဆိုရင် 4 points လိုမယ်။ ဒါမှမဟုတ် ဒီလေးခုထဲ က ဘယ် Alarm ပဲဖြစ်ဖြစ် General Alarm ကို Trigger လုပ်ပေးမယ် ဆိုရင်တော့ 1 point ပဲလိုမယ် စသည်ဖြင့်ပါ။)

      • Control Optimization:
        • Control Optimization လိုချင်သလား။ လိုချင်ရင် Static Optimization နဲ့ Dynamic Optimization နှစ်ခုထဲက ဘယ်အမျိုးအစား ကို လိုချင်တာလဲ။

      • စသည်ဖြင့် လားပေါင်း၊ လဲပေါင်း များစွာ ကို အဖြေရှာရပါတယ်။
      • ဒီအခြေခံ တွေ ကို ရပြီဆိုရင်တော့ ပိုပြီး အသေးစိတ် သတ်မှတ်ဘို့ အများအားဖြင့် BAS specialist နဲ့ လည်း သေသေချာချာ ဆွေးနွေး ညှိနှိုင်း ရပါတယ်။
      • Energy Efficiency လိုချင်လို့ Optimization လုပ်တဲ့ အခါ Sensor တွေ Controller တွေ အများကြီး ထပ်တတ် ရတတ်ပါတယ်။ တစ်ခါတစ်ရံ ပေါ့စေချင်လို့ ကြောင်ဆေးထိုး၊ ဆေးအတွက်လေး ဆိုတာ လို ငွေလည်းပိုကုန်၊ Energy ပိုစား တာလည်း ဖြစ်တတ် ပါသေးတယ်။


    - Back to Top -

  3. Control Fundamentals
    1. Terminology
    2. Feedback-Control Example
    3. Type of Control Action
    4. Control Components
      1. Controlled Devices
      2. Sensors
      3. Controllers

    5. Communication Networks for BAS
    6. Specifying DDC System




    1. Terminology
      Control Systems မှာသုံးတဲ့ Terminology အချို့ ကို ASHRAE Handbook ကနေ ကောက်နုတ် ဖော်ပြ ပေးထားပါတယ်။
      • A closed loop or feedback control measures actual changes in the controlled variable and actuates the controlled device to bring about a change. The corrective action may continue until the variable is brought to a desired value within the design limitations of the controller. Every closed loop must contain a sensor, a controller, and a controlled device.
      • The sensor measures the controlled variable and transmits to the controller a signal (pneumatic, electric, or electronic) having a pressure, voltage, or current value related by a known function to the value of the variable being measured.
      • The controller compares this value (the sensor's signal) with the desired set point and regulates an output signals to the controlled device for corrective action. A controller can be hardware or software. A hardware controller is an analog device (e.g., thermostat, humidistat, pressure control) that continuously receives and acts on data. A software controller is a digital device (e.g., digital algorithm) that receives and acts on data on a sample-rate basis.
      • The controlled device is typically a valve, damper, heating element, or variable-speed drive. It is the component of a control loop used to vary the input (controlled variable).
      • The set point is the desired value of the controlled variable. The controller seeks to maintain this set point. The controlled device reacts to signals from the controller to vary the control agent.
      • The control agent is the medium manipulated by the controlled device. It may be air or gas flowing through a damper; gas, steam, or water flowing through a valve; or an electric current.
      • The process is the HVAC apparatus being controlled, such as a coil, fan, or humidifier. It reacts to the control agents output and effects the change in the controlled variable.
      • The controlled variable is the temperature, humidity, pressure, or other condition being controlled.



    2. Feedback-Control Example
      • Closed Loop Or Feedback Control တိုင်းမှာ sensor, controller နဲ့ controlled device ဆိုတဲ့ Basic Elements သုံးခု က မရှိမဖြစ် ပါဝင်ရပါတယ်။ နမူနာ တစ်ခု အနေနဲ့ ရိုးရိုးရှင်းရှင်း Simple Heating Coil Control ကို အောက်မှာ ဖော်ပြ ပေးထားပါတယ်။


      • ပထမ Sensor က Controlled Variable ကို Sense လုပ်ပါတယ်။ ဒီနမူနာ မှာ Controlled Variable က Duct ထဲက လေရဲ့ အပူချိန် Air Temperature ဖြစ်ပါတယ်။
      • Controller က ဒီ Measured Value ကို လိုချင်တဲ့ (ချိန်ထားတဲ့) Setpoint နဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။ ဒီ နမူနာ မှာ ဆိုရင် Measured Temperature ကို လိုချင်တဲ့ (ချိန်ထားတဲ့) Setpoint Temperature နဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။
      • ဒီ Setpoint နဲ့ တိုင်းလို့ရတဲ့ Temperature နှစ်ခု ကွာခြားချက် difference ကို Error လို့ခေါ်ပါတယ်။
      • ဒီ Error ပေါ်မူတည်ပြီး Controller က သူ့ရဲ့ Output Signal ကို တွက်ချက် ပြီး ထုတ်ပေးပါတယ်။ ဒီ နမူနာ မှာတော့ Output က Controlled Device ဖြစ်တဲ့ valve ကို modulate (ထိန်းချုပ်) ပြီး steam flow ကိုထိန်းချုပ်ခြင်း ဖြင့် ထွက်လာတဲ့ Air Temperature ကို ပြောင်းလဲ စေပါတယ်။ ဒီနည်း နဲ့ လိုချင်တဲ့ Air Temperature ရအောင် Control လုပ်ယူရတာ ဖြစ်ပါတယ်။
      • ဒီ Control Loop ကို အောက်မှာ နမူနာ ပြထားတဲ့ Block Diagram နဲ့ ပြသ လို့ရပါတယ်။ ( Matlab နဲ့ Simulink လို့ခေါ်တဲ့ Software မှာ ဒီလို Block Diagram မျိုး တွေ ဒီဇိုင်း လုပ်ပြီး Simulation လုပ် လို့ ရတာ မှတ်မိပါတယ်။ )

      • ဒီ လို လိုချင်တဲ့ အခြေအနေ ကို ရအောင် ထိန်းချုပ်တာ က ချက်ခြင်း ပြောင်းတာ မျိုးမဟုတ်ပါဘူး။ Time Lag လို့ ခေါ်တဲ့ အချိန် နောက်ကျ တာ ရှိပါတယ်။ Modulate လုပ်ဘို့ လည်း အချိန်လိုပါတယ်။ Controlled Variable ရဲ့ တန်ဘိုးပြောင်း ဘို့လည်း အချိန်ယူရပါတယ်။ Sensor တွေ ကလည်း Controlled Variable ပြောင်းပြောင်းချင်း Response ရတာ မဟုတ်ပြန်ပါဘူး။ ဒါကြောင့် Control Loop Performance တွေ က ဒီ Time Lag တွေ ပေါ် အများကြီး မှီပါတယ်။ ဒီဇိုင်း လုပ်တဲ့ အခါ ဒီ Time Lag တွေ ဖြစ်တဲ့ Sensor Response Time, Dead Time, Time Constant, First Order Lag စတဲ့ အခြေအနေ တွေ ကို ထည့်သွင်း စဉ်းစားပေးရပါတယ်။


    3. Type of Control Action
      1. Two-Position Action (Action related to Binary Output)
        • ဖွင့်တာ ပိတ်တာ ကို Controlled Variable ရဲ့ Input ကိုမူတည် ပြီး Controller Differential တစ်ခု ကို သတ်မှတ် ရပါတယ်။ ဥပမာ အခန်းရဲ့ Temperature ကို Control လုပ်ဘို့ FCU ရဲ့ Cooling Coil ကို အဖွင့် အပိတ် နဲ့ ထိန်းမယ် ဆိုရင် Temperature က Low Temperature ထိရင် Valve ကို ပိတ်မယ်။ High Temperature ကို ထိရင် Valve ကို ဖွင့်မယ် စသည်ဖြင့်ပါ။ သူ့ရဲ့ သဘာဝ ကို အောက်မှာ ဖော်ပြပေးထား ပါတယ်။



      2. Modulating Control (Action related to Analog Output)
        • Modulating Control မှာ Controller's Output က သူ့ entire range အတွင်း လိုအပ်သလို ပြောင်းလဲနိုင်ပါတယ်။ သုံးလေ့ရှိတဲ့ Term အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
          • Throttling Range : Controller က Controlled Device ရဲ့ အနည်းဆုံး နေရာ နဲ့ အများဆုံး နေရာ နှစ်ခု ကြားကို ရွှေ့ပေး နိုင်ဘို့ လိုအပ်တဲ့ Controlled Variable ထဲမှာ ပြောင်းဘို့ လိုအပ်တဲ့ အတိုင်းအတာ ကို ခေါ်တာ ဖြစ်ပါတယ်။ ဥပမာ Temperature ကို ±5 ºC အတွင်း ထိန်းမယ်၊ +5 ºC ဆိုရင် Valve 100% open, -5% ဆိုရင် Valve လုံးလုံး closed ဆိုရင် Temperature ပြောင်းရင် Valve က 100% ပြောင်းပါတယ်။ ဒီ 10 ºC ကို Throttling Range လို့ခေါ်ပါတယ်။
          • Control Pointဆိုတာက တော့ Instrument က Control လုပ်နေတဲ့ Controlled Variable ရဲ့ တကဲ့ တန်ဘိုး actual value ဖြစ်ပါတယ်။ ဒါက System Load အပြောင်းအလဲ နဲ့ အခြား variables တွေ ပေါ်မူတည် ပြီး Controller ရဲ့ Throttling Rangeအတွင်းမှာ ပြောင်းလဲ နေရတာ ဖြစ်ပါတယ်။
          • Offsetဆိုတာကတော့ set point နဲ့ actual control point ကြား ကွာနေတဲ့ error ကို ခေါ်တာ ဖြစ်ပါတယ်။ Sensor တွေမှာ လည်း တကယ့်တန်ဘိုး နဲ့ Signal ကြားမှာ ကွာခြားချက် ရှိနိုင်ပါတယ်။ ဒါကို လည်း Offset လို့ခေါ်ပါတယ်။

        • သုံးလေ့ရှိတဲ့ Modulating Control တွေ ကတော့
          1. Proportional Control
          2. Proportional-integral (PI) Control
          3. ProportionalIntegralDerivative controller (PID controller)
          4. Adaptive Control
          5. Fuzzy Logic

        • Proportional Control မှာ error ကိုပဲ အခြေခံ ပြီး Output ကို အပြောင်းအလဲ လုပ်ပေးနိုင်ပါတယ်။ PI နဲ့ PID Control ကတော့ အချိန်နှစ်ခု ကြားပြောင်းတဲ့ နှုန်း ကိုပါ ထည့်သွင်း စဉ်းစား ထားပေးပါတယ်။
        • Building Automation မှာ သုံးလေ့ရှိတာ က Proportional Control နဲ့ Proportional-integral (PI) Control တွေပါ။
        • Adaptive Control ဆိုတာကတော့ Process ရဲ့ Dynamic Characteristics ပြောင်းလဲမှု ပေါ်မူတည် ပြီး Controller က Parameter တွေ ကို adjusts (ညှိ) ပေးပါတယ်။
        • Fuzzy Logic ဆိုတာကတော့ အခြေအနေ တစ်ခု မှာ human operator ဘယ်လို response လုပ်မှာလဲ ဆိုတဲ့ "if-then" rules တွေ ကိုသတ်မှတ်ပြီး ထိန်းတာပါ။

      3. Combinations of Two-Position and Modulating
        • အချို့ Control Loop တွေ မှာတော့ Two-Position Components သုံးပြီး Modulating response နီးပါးရအောင် လုပ်ယူနိုင်တာ တွေ့ရပါတယ်။
          • Timed Two-Position Control
          • Floating Control
          • Incremental Control
          ဒီနည်း နဲ့ ထိန်းတဲ့ အခါ Modulating Valve နီးပါးရတယ် ဆိုပေမဲ့ ထိန်းရတာ က နဲနဲခက်ပါတယ်။ Chilled Water သုံးရတဲ့ စနစ်မှာ ဒီလို Valve ဖွင့်ပိတ်လုပ်တဲ့ အခါ Temperature Control မှာ မဆိုးလှပေမဲ့ Humidity Control ကတော့ ခက်ပါတယ်။


    4. Control Components
      1. Controlled Devices
        • Valve/Damper တွေမှာရှိတဲ့ Flow Characteristics တွေကို အထိုက်အလျောက် သိဘို့ ကြိုးစားသင့်ပါတယ်။ Opening Percentage နဲ့ Flowrate က Linearly တိုက်ရိုက် အချိုးကျ ဖြစ်လေ့မရှိလို့ပါ။ ဖွင့်တာ အနှေးအမြန် ကို လိုက်ပြီးလည်း ပြောင်းနိုင်ပါသေးတယ်။ Controlled Devices တွေရွေးချယ်တဲ့ အခါ အဖွင့်အပိတ် အနှေးအမြန် (Stroke Time), ရေရှည်သုံးဘို့ ယုံကြည် စိတ်ချရ မချရ နဲ့ အခြား Parameter တွေကို ကိုယ်သုံးမဲ့ application နဲ့ သင့်တော်မတော် နှိုင်းချိန် ကြည့်သင့်ပါတယ်။ သုံးမဲ့ Controller နဲ့ ကိုက်ညီ (Compatible) ဖြစ်ဘို့လည်း လိုအပ်ပါတယ်။ Status Feedback ပေးနိုင်တဲ့ Controlled Devices တွေ က ပိုပြီး ကုန်ကျ ပေမဲ့ Controller အထွက်နဲ့ တကဲ့ အခြေအနေ ကို ပေးနိုင်တာမို့ အရေးကြီး တဲ့ Application မှာ သုံးသင့်ပါတယ်။
        • အသေးစိတ် ကို လိုအပ်တဲ့ အခါ စာဖတ်သူ ကိုယ်တိုင် ရှာဖွေလေ့လာ စေချင်ပါတယ်။


      2. Sensors
        Sensor တွေ ရွေးချယ်တဲ့ အခါ စဉ်းစားရမဲ့ အချက်တွေ ကတော့
        • Operating range of controlled variable- သုံးမဲ့ အခြေအနေ နဲ့ ကိုက်ညီတဲ့ သင့်တော်တဲ့ Signal ကိုထုတ်ပေးနိုင်ရပါမယ်။ အနီးစပ်ဆုံး Range ကိုရွေးချယ်ဘို့ လိုအပ်ပါတယ်။
        • Compatibility of controller inputController လက်ခံနိုင်တဲ့ electronic signal ကို ထုတ်ပေး နိုင်ရပါမယ်။ ဥပမာ ပြောရရင် industry standard signal တွေဖြစ်တဲ့ 4 to 20 mA or 0 to 10 V (dc) လိုမျိုးပါ။
        • Accuracy and repeatability- အချို့ Control Applications တွေမှာ controlled variable က လိုချင်တဲ့ desired set point အနားမှာ ကပ်နေတတ်ပါတယ်။ [ ဥပမာ Temperature ± 1.1 ºC (± 2 ºF) RH ± 5% ဆိုတာမျိုးပါ။] ဒီအခြေအနေ မှာ သူ့ထက် တိကျတဲ့ Accuracy လိုလာပါတယ်။ Temperature Sensor က အနည်းဆုံး ± 0.5 ºC လောက်မှ မရနိုင်ရင် Temperature Control ± 1.1 ºC လုပ်ဘို့ မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ RH Control ± 5% ရဘို့ ဆိုရင် Sensor Accuracy က ± 2% လောက်အတွင်း ဖြစ်နေဘို့ လိုအပ်ပါတယ်။ Sensor Accuracy က လည်း အမြဲတန်း ငြိမ်နေတာ လည်း မဟုတ်ပါဘူး (အထူးသဖြင့် Humidity Sensor)။ ဒါကြောင့် လိုအပ်သလို re-calibrate လုပ်ဘို့လည်း လိုအပ် တတ်ပါသေးတယ်။ Sensor Accuracy က အရမ်းကောင်း နေရင်တောင်မှ အောက်မှာပေးထားတဲ့ အချက်လေးချက် က တစ်ချက်ချက် နဲ့ ညိရင် Set point ကိုထိန်းထားဘို့ မလွယ်ပါဘူး။
          1. the controller is unable to resolve the input signal,
          2. the controlled device cannot be positioned accurately,
          3. the controlled device exhibits excessive hysteresis, or
          4. disturbances drive its system faster than the controls can regulate it.
        • Sensor response time- sensor/transducer တွေနဲ့ သက်ဆိုင်တဲ့ response curve က controlled variable ပြောင်းတာနဲ့လိုက်ပြီး Sensor Output ဘယ်လိုပြောင်းတယ် ဆိုတာ ကို ပြပါတယ်။ Process ရဲ့ Time Constant က နည်းတယ်ဆိုရင် Fast response time ရှိတဲ့ sensor ကိုသုံးရပါမယ်။
        • Control agent properties and characteristicsSensor ထည့်ထားရမဲ့ နေရာ က Control Agent (လေ၊ ရေ၊ Fluid စသည်။) က Sensor ကို စား (corroded) ပျက်စီးစေမယ်။ ဒါမှ မဟုတ် Sensor ရဲ့ performance ကိုလျော့ကျစေမယ် ဆိုရင် ဒီ Control Agent နဲ့ တိုက်ရိုက် မထိလို့ ရတဲ့ ရွေးချယ်စရာ (သို့) ဒါဏ်ခံနိုင်တဲ့ အခြား Sensor ကိုရွေးချယ်ရပါလိမ့်မယ်။
        • Ambient environment characteristicsပတ်ဝန်းကျင် အခြေအနေ တွေ (ဥပမာ Temperature & Humidity အပြောင်းအလဲ) က Sensor ရဲ့ accuracy ကို မထိခိုက်စေဘို့ သတိပြုရပါမယ်။ ဒီလိုပါပဲ အခြား ဓာတ်ငွေ့ နဲ့ Chemical တွေ၊ electromagnetic interference (EMI) တွေ ကလည်း Sensor ကို Degrade ဖြစ်စေ၊ ထိခိုက် ပျက်စီး စေနိုင် ပါသေးတယ်။ ဒီလို အခြေအနေ ကို ကာကွယ်ဘို့ လိုအပ်ရင် Special Sensor or transducer housing ကိုအသုံးပြုနိုင်ပါတယ်။

      3. Controllers
        1. DDC (Direct Digital Control)
          • BAS မှာ အဓိက အသုံးများတာ ကတော့ DDC ပါ။ DDC မှာ Microprocessors နဲ့ Firmware/Software ပါဝင်တဲ့ MicroComputer ပါဝင်ပြီး control logic ကို ဆောင်ရွက် ပေးနိုင်ပါတယ်။ သူ က Digital / Analog Input တွေကို လက်ခံ နိုင်သလို ဒီအချက်အလက် တွေကို Operator သွင်းထားတဲ့ Set point နဲ့ အခြား အချက်အလက် တွေနဲ့ နှိုင်းယှဉ် တွက်ချက်ပြီး သင့်တော်တဲ့ Digital / Analog Output ကိုလည်း ထုတ်ပေးနိုင် ပါတယ်။
          • ပြီးတော့ DDC အားလုံးနီးပါး က Programmable ပါ။ လိုချင်တဲ့ Control Programming ကို Notebook Computer (သို့) Handheld Units မှာ ဒီဇိုင်းလုပ် ပြီး Controller ထဲကို Download လုပ်နိုင်ပါတယ်။
          • DDC တွေကို Stand-alone ပဲဖြစ်ဖြစ်၊ အခြား BAS system တွေနဲ့ network သုံးပြီး integrate လုပ်လို့ပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ DDC ရဲ့ Advantages တွေကတော့၊
            • Control Sequence / Equipment တွေ ကို Hardware မှာပြောင်းစရာ မလိုပဲ Software ထဲမှာတင် ပြောင်းလို့ရခြင်း။
            • Demand Setback, reset, data logging, diagnostics နဲ့ time-clock integration စတဲ့ features တွေ ကို ဈေး သက်သက်သာသာ နဲ့ Controller ထဲကို ထည့်သွင်း ပေးနိုင်ခြင်း။
            • တိကျတဲ့ (Precise & Accurate Control) ကိုရနိုင်ခြင်း။ (Sensor ရဲ့ Resolution နဲ့ Analog to Digital, Digital to Analog Conversion Process တွေရဲ့ Limit ကိုမှီတာက လွဲရင်ပေါ့လေ။) PID နဲ့ အခြား Control Algorithm တွေကို Mathematically Implement လုပ်နိုင်ပါတယ်။
            • open network သုံးလို့ပဲ ဖြစ်ဖြစ် proprietary (မူပိုင်) နဲ့ပဲဖြစ်ဖြစ် Control တွေအချင်းချင်း ဆက်သွယ် Communicate လုပ်နိုင် ခြင်း။
            • ထိန်းချင်တဲ့ Setpoint, Limits, Alarm Setting, Delay, Schedule တွေ ကို Controller Memory ထဲ တစ်ခါထည့်ထားရင် နောက်ထပ် တမင်တကာ မပြင်မချင်း (သို့) Controller မပျက်မချင်း မပျောက်မပျက် ရှိနေနိုင် ခြင်း။ (အချို့ Memory တွေ က တော့ Power Supply မရှိရင် ရက်ပိုင်းပဲ ခံတာ ဖြစ်နိုင်ပါတယ်။ အများစု ကတော့ Memory ထဲ မှာ ရေရှည် မပျက်မစီး တည်ရှိနေနိုင်ပါတယ်။)
          • HVAC System ရဲ့ Control အများစု က DDC control ဖြစ်ပါတယ်။

        2. Electric/Electronic Controllers

        3. Pneumatic Receiver-Controllers
          • Pneumatic ဆိုတာကတော့ Compressed Air ကိုသုံးတဲ့ Controller တွေပါ။ အသေးစိတ် ကို တော့ ဒီနေရာ မှာ မဖေါ်ပြတော့ပါဘူး။

        4. Thermostats
          • Thermostat ဆိုတာကတော့ အများသိကြတဲ့ အတိုင်း control နဲ့ Sensing functions နှစ်ခု ပေါင်းထားတဲ့ Device တစ်ခုပါ။ အများအားဖြင့် micro-processor based ဖြစ်ပြီး သူ့ဟာသူ အလုပ်လုပ်နိုင်ပါတယ်။ အသေးစိတ် ကို တော့ မဖေါ်ပြတော့ပါဘူး။


    5. Communication Networks for BAS
      1. Communication Protocol
        • Integrated Building Management System လုပ်တော့မယ် ဆိုရင် အဓိက ခေါင်းခဲရလေ့ ရှိတာ ကတော့ Communication protocol ပါ။
        • System တစ်ခု နဲ့ တစ်ခု ကောင်းကောင်း ဆက်သွယ်နိုင်ဘို့ အတွက် protocol တစ်ခုကို ဘာသာစကား တစ်ခု အနေနဲ့ သုံးရပါတယ်။ ခက်တာက manufacturer အများစု က သူတို့ကိုယ်ပိုင် proprietary protocol ကို သုံးချင်ကြပါတယ်။ အများဘုံသုံး open standards တွေကလည်း DeviceNet, SOAP, XML, BACnet, LonWorks and Modbus စသည်ဖြင့် အများကြီး ရှိနေပြန်ပါတယ်။ Proprietary ကနေ Open Standard ကို ပြောင်းပေးနိုင်တဲ့ Hardware (or) Software Module တွေ ရှိပေမဲ့ 100% စိတ်ချရတယ် လို့ မဆိုနိုင် သေးပါဘူး။ ASHRAE Handbook ထဲမှာတော့ Protocol ကို classes သုံးခု ခွဲထားပါတယ်။
          1. Standard protocol. Published and controlled by a standards body.
          2. Public protocol. Published but controlled by a private organization.
          3. Private protocol. Unpublished; use and specification controlled by a private organization. Examples include the proprietary communications used by many building automation devices.
        • ဒါကြောင့် Integrated Building Management System လုပ်တော့မယ် ဆိုရင် သတိထားရမှာ က ဘယ် Standard Protocol ကိုသုံးမှာလဲ ဆိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် existing building တွေကို retrofit လုပ်ရတော့မယ့် အခြေအနေ မှာ Existing Control System အကြောင်း သိဘို့ လိုအပ်ပါတယ်။

      2. Network Structure
        • BAS Network အများစု က Computer Network Technology ကိုသုံးစွဲနေကြပြီ ဖြစ်ပါတယ်။ IT backbone နဲ့ Communication Protocol တွေ ကို သုံးပြီး Communication လုပ်တာပါ။ Wired ရော Wireless Technology ရော စုံအောင် သုံးနိုင်ပြီ ဖြစ်ပါတယ်။ Communication Task တွေမှာ ပါဝင်နိုင်တာ ကတော့။
          • Data Exchange : အချက်အလက် တွေ ဖလှယ်တာ
          • Alarms and Events: ဘယ်စနစ်၊ ဘယ်နေရာ မှားနေလဲ ဆိုတာ သတင်းပေးဘို့၊ နဲ့ အခြားအခြေအနေ တွေ။
          • Schedule : Equipment တွေကို ဘယ်အချိန်၊ ဘယ်လို အစီအစဉ် နဲ့ run မယ် ဆိုတာ ကို စီမံခန့်ခွဲ နိုင်ဘို့
          • Trends : Data တွေ အချိန်ကာလ တစ်ခု အတွင်း ဘယ်လို ပြောင်းသွားလဲ ဆိုတာ သိဘို့ မှတ်ထားတဲ့ Data History ကို Trend လို့ခေါ်တာပါ။
          • Network Management : Network diagnostic and Maintenance functions, data access, security functions, etc.


    6. Specifying DDC Systems
      • DDC installation အောင်အောင် မြင်မြင် ရရှိဘို့ အတွက် Customer ရဲ့ လိုအပ်ချက် ကို ဖြည့်ဆီး နိုင်မဲ့ ရှင်းလင်း ပြတ်သားစွာ ဖော်ပြထားတဲ့ specification လိုအပ်ပါတယ်။ Specification မှာ ပါဝင်ရမှာ တွေ ကတော့။
        • Descriptions of the products desired, or of the performance and features expected
        • Needed points (Points Schedule) or data objects should be listed
        • A control schematic shows the layout of each system to be controlled, including instrumentation and input/output objects and any hard-wired interlocks.
        • A sequence of operation should be provided for each system.
        ပိုပြီး အသေးစိတ် သိချင်ရင်တော့ ASHRAE Guideline 13. ASHRAE (2005) ကိုလေ့လာပါ။


    - Back to Top -

  4. Control Examples
    • နောက် လာမဲ့ Post တွေ မှာ တစ်ခုချင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
    • ရေးသားပေး ထားပြီးတာ တွေ ကတော့
      1. Chilled Water Fan Coil Units

    - Back to Top -

  5. References
    1. "Fundamental of Control", Chapter 7, ASHRAE Handbook: Fundamentals, 2009.
    2. "Design and Applications of Controls", Chapter 46, ASHRAE Handbook: HVAC Applications, 2007.
    3. "Controls", Chapter 10, Air-Conditioning Systems Design Manual, ASHRAE, 1993.

    4. Standard Protocols
      1. Lonworks by Lonmark International [ http://www.lonmark.org/ ]
      2. BACnet by ASHRAE [ http://www.bacnet.org/ ]
      3. Modbus [ http://www.modbus.org/ ]
      4. DeviceNetTM by ODVA [ http://www.odva.org/ ]
      5. SOAP ( Simple Object Access Protoco) by W3 [ http://www.w3.org/TR/soap/ ]
      6. XML by W3 [ http://www.w3.org/2004/02/XML-Protocol-Charter ]


    5. BAS System Providers
      1. Siemens [ http://www.automation.siemens.com/_en/portal/index.htm ]
      2. Honeywell [ http://acscorp.honeywell.com/Pages/default.aspx ]
      3. Johnson Controls [ http://www.johnsoncontrols.com/ ]
      4. Yamatake [ http://www.yamatake.com/ ]
      5. Trend Controls
        [ http://chawlwin.blogspot.com/2009/09/ http:/www.trend-controls.com ]

      6. TAC [ http://www.tac.com/ ]
      7. Trane [ http://www.trane.com/COMMERCIAL/Controls/Default.aspx?i=875 ]


    6. Electronic Controllers
      1. Omron Industrial Automation : Floatless Level Controllers
        [ http://www.omron-ap.com/product_info/61F/index.asp ]


    7. Wiki References
      1. Automatic Control
        [ http://en.wikipedia.org/wiki/Automatic_control ]

      2. Building Automation
        [ http://en.wikipedia.org/wiki/Building_Automation ]

      3. Control Theory [ http://en.wikipedia.org/wiki/Control_theory ]
      4. SCDA (Supervisory Control And Data Acquisition)
        [ http://en.wikipedia.org/wiki/SCADA ]

      5. Proportional Control
        [ http://en.wikipedia.org/wiki/Proportional_control ]

      6. PI Controller
        [ http://en.wikipedia.org/wiki/PI_controller ]

      7. PID Loop [ http://en.wikipedia.org/wiki/PID_loop ]
      8. Digital Control
        [ http://en.wikipedia.org/wiki/Digital_control ]

      9. DDC (Direct Digital Control)
        [ http://en.wikipedia.org/wiki/Direct_Digital_Control ]

      10. Fuzzy Control System
        [ http://en.wikipedia.org/wiki/Fuzzy_control_system ]

      11. Adaptive Control [ http://en.wikipedia.org/wiki/Adaptive_control ]
      12. Variable Frequency Drive
        [ http://en.wikipedia.org/wiki/Variable_frequency_drive ]

      13. Lux [ http://en.wikipedia.org/wiki/Lux ]
      14. http://en.wikipedia.org/wiki/Thermistor[ http://en.wikipedia.org/wiki/Thermistor ]







Read More...

Tuesday, July 7, 2009

HVAC Duct Sizing

  • HVAC စနစ်မှာ လေကို Transport လုပ်ဘို့ အတွက် Air Duct အမျိုးမျိုး ပါဝင် နေရပါတယ်။
  • ဒါကြောင့် HVAC System Design အကြီးတွေ လုပ်ရတဲ့ အခါ မှာ ကြုံတွေ့ရမဲ့ Air Duct Sizing တွေ ကို စနစ်တကျ ရွေးချယ်စေနိုင်ဘို့ က အရေးကြီးပါတယ်။
  1. Introduction
    • သုံးတဲ့ ရည်ရွယ်ချက် အလိုက် Fresh Air Duct (Ventilation Duct), Supply Air Duct, Return Air Duct, Exhaust Air Duct စသည်ဖြင့် အမျိုးမျိုး ပါဝင်ပါတယ်။ Exhaust မှာမှ စုတ်ထုတ်မဲ့ ဓါတ်ငွေ့ ရဲ့ သဘော သဘာဝ ကို လိုက်ပြီး အမျိုးမျိုး ကွဲနိုင်ပါသေးတယ်။ (ဥပမာ၊ ၊ General exhaust, Toilet exhaust, Kitchen Exhaust, Wet exhaust, Chemical Exhaust, Acidic Exhaust, Caustic Exhaust, etc.)
    • Duct Material အနေနဲ့ အသုံးအများဆုံး က Sheet Metal ပါ။ သုံးမဲ့ အသုံး အပူချိန် နဲ့ Chemical / heat / moisture စတဲ့ resistant တွေ ပေါ်မူတည်ပြီး အခြား material တွေ လည်း အသုံးပြုနိုင်ပါတယ်။ အသုံးများတာကတော့ Aluminium, Stainless Steel, PP နဲ့ အခြားပလတ်စတစ် အချို့ပါ။
    • Shape (ပုံ) အနေ နဲ့ လည်း လေးထောင့်၊ အဝိုင်း နဲ့ ဘဲဥပုံ ဆန်ဆန် တွေ ဖြစ်နိုင်ပါတယ်။
    • မီးအရေးပေါ် အခြေအနေ အတွက် သုံးမဲ့ Duct တွေ အတွက် Fire Rating Consideration တွေ လိုအပ်သလို၊ ပြေးမဲ့ နေရာနဲ့ အပူ အအေး ကွာဟချက် Temperature Differences တွေ ရှိမယ်ဆိုရင် Insulation လိုအပ်နိုင်ပါတယ်။
    • အသုံးများတဲ့ Standard ကတော့ SMACNA Standard ပါ။
    • အကြမ်းအားဖြင့် အလွယ်တကူ ရွေးချယ်တဲ့ အခါ Pressure Loss ΔP ကို 1 Pa/m (0.1mm Aq /m) နဲ့ ရွေးတတ်ကြပါတယ်။ Velocity ကို လည်း 8 m/s ထက် မကျော်စေရဘူး စသည် ဖြင့်ပေါ့။ ဒါက သုံးနေကျ လည်းဖြစ်၊ သုံးလို့လည်း ပြဿနာ မပေးနိုင်မဲ့ အခြေအနေ တွေကိုလည်း သိရင် လွယ်လွယ် သုံးနိုင်တဲ့ Rule of Thumb တစ်ခုပါ။ လှေနံဒါးထစ် မှတ်ဘို့ တော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ application တွေ၊ အခြေအနေ မှာ ဒီ ဂဏန်းတွေ ကို ပြန်စစ်ဆေး ရပါလိမ့်မယ်။
      ( မှတ်ချက်။ ။ Thumb Rule (or) Rule of Thumb ဆိုတာက အတွေ့အကြုံ ကို အခြေခံ ပြီး အလွယ်တကူ သုံးနိုင်တဲ့ နည်းလမ်းကို ဆိုလိုတာပါ။ သူ့မှာ ဘာလို့ လုပ်ရတာလဲ ဆိုတဲ့ အဖြေအတိအကျ ပေးဘို့ မလွယ်ပေမဲ့ ဒီ တန်ဘိုးကို သုံးခဲ့တာ အဆင်ပြေတယ်၊ OK ပဲ လို့ အဓိပ္ပါယ် ရပါတယ်။ ဘယ် Subjects မှာမဆို အသုံးများတဲ့ စကားလုံး ပါ။)


  2. Duct Sizing Design Consideration
    • Dust Sizing လုပ်တဲ့ အခါ အဓိက Factor နှစ်ခုကတော့ Friction Loss နဲ့ Velocity ပါ။ Duct Construction ကိုလည်း ထည့်သွင်းစဉ်းစား ရပါသေးတယ်။
    • Friction Loss ကိုထည့်သွင်း စဉ်းစားရတာ ကတော့ လိုအပ်မဲ့ Fan Power ကို ကန့်သတ်နိုင်ဘို့ပါ။ Friction Loss က Duct Velocity နဲ့ ရော Duct အတွင်းမျက်နှာပြင် အကြမ်းအနု roughness factors နဲ့ ပါ သက်ဆိုင်ပါတယ်။
    • Velocity Limit ကိုသတ်မှတ်ရတာ ကတော့ လေစီးတဲ့ အချိန် ထွက်ပေါ်လာမဲ့ အသံ ကို ကန့်သတ် နိုင်ဘို့ ပါ။ ဒါ့အပြင် Friction Loss အပေါ်မှာ လည်း အကျိုးသက်ရောက် မှု ရှိနေ ပါသေးတယ်။ အသုံးပြု မဲ့ နေရာ Duct Section Location (Supply, Return / Main, Branch) အပေါ်မူတည် သလို အခန်းရဲ့ လိုအပ်တဲ့ Noise Criteria (ဆိတ်ငြိမ်မှု အတိုင်းအတာ) နဲ့ လည်း ဆိုင် ပါတယ်။
    • HVAC Air-Side မှာသုံးလေ့ ရှိတဲ့ Air Duct အမျိုးအစား သုံးခု ကို အောက်မှာ ဖော်ပြထားပါတယ်။
    • Circular Duct မဟုတ်တဲ့ အခြား Non-Circular Duct တွေ ကို သုံးတဲ့ အခါ အသင့်တော်ဆုံး ကတော့ Equivalent Circular Duct ကိုရှာပြီး တွက်တဲ့ နည်းပါ။
    • Duct Size တွေကို စဉ်းစားတဲ့ အခါ Internal Clear Dimensions (အတွင်းပိုင်း အလွတ် အတိုင်းအတာ များ) ဖြစ်ဘို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ Internal Lining / Insulation လိုအပ်နိုင်တာ မို့ ဒီအချက် ကို မမေ့ ဘို့ သတိပေးရခြင်း ဖြစ်ပါတယ်။

    • Aspect Ratio
      • Aspect Ratio ဆိုတာ က Rectangular Duct နဲ့ Oval Duct တွေ မှာ အနံ နဲ့ အမြင့်၊ ကြီးတာကို ငယ်တာ နဲ့ စား လို့ ရတဲ့ အဖြေပါ။ (Aspect Ratio = The ratio of the long side to the short side of the duct)
      • အကောင်းဆုံး ကတော့ Aspect Ratio = 1 ပါ။ ဘာလို့လည်း ဆိုတော့ ပစ္စည်း အကုန်အကျ အနည်းဆုံးမို့ ပါပဲ။ Sheet Metal Duct တစ်ခု ကို Fabricate လုပ်တဲ့ အခါ Parameter က ကုန်ကျမဲ့ Sheet Metal အရေအတွက် နဲ့ တိုက်ရိုက် အချိုး ကျပါတယ်။ Aspect Ratio များလာရင် Parameter (ပတ်လည်အနား အရှည်) လည်း များလာတာ ကို သတိပြုမိမယ် ထင်ပါတယ်။ (Development Drawing ဆွဲတာ ကို သတိရပါ။) အောက်မှာ Cross Section Area ချင်း တူတဲ့ Duct နှစ်ခု ကို ယှဉ်ပြပေးထားပါတယ်။

      • အထက်ပါ ပုံအရ Parameter ချင်းယှဉ်ကြည့်ရင် 5m vs 4m မို့ (5-4)/4 = 25% ပိုကုန်ကျတာ တွေ့ရပါလိမ့်မယ်။ ဒါ့အပြင်Equivalent Diameter ချင်းတူဘို့ အတွက် Aspect Ratio များတဲ့ Duct Size ကို နည်းနည်း ပိုကြီးပေးဘို့ လိုအပ်ပါတယ်။ ဒါကြောင့် Material Usage က 30% လောက်ပိုကုန်ပါတယ်။ (အောက်ဇယားတွင် ရှု။)
      • ဒါ့အပြင် Aspect Ratio များလာတာနဲ့ တစ်ပြိုင်တည်း မှာပဲ Insulation ပတ်ရမဲ့ ဧရိယာ များလာ သလို Heat Gains/Loss လည်း များ လာပါအုံးမယ်။
      • အောက်မှာ Equivalent Duct Diameter တစ်ခု အတွက် Aspect Ratio ပြောင်းတဲ့ အပေါ် ပိုကုန်ကျမဲ့ Material နဲ့ Cost တွေ ကို နမူနာ ပေးထားပါတယ်။
        Aspect
        Ratio
        Sheet Metal UsageInstallation
        Cost
        11.001.00
        21.071.12
        31.181.26
        41.291.44
        51.391.62
        61.492.00
        71.592.08

      • အပေါ်က Table ကို ကြည့်ရင် Aspect Ratio 4 ဖြစ်လာတဲ့ အခါ ကုန်ကျမဲ့ Sheet Metal က 30% လောက် ပိုကုန်ကျ မှာ ဖြစ်ပြီး Installation Cost (တပ်ဆင် စရိတ်) ကတော့ 50% လောက်ပို ကုန်ကျတာ တွေ့ရပါမယ်။
      • Site / Space Constraints တွေ အရ Aspect Ratio 1 အမြဲတမ်း ရနိုင်ဘို့ က မလွယ်ပါဘူး။ ဒါပေမဲ့ Aspect Ratio ကို 4 ထက် မကျော်ပါစေနဲ့။
      • မှတ်ရလွယ်အောင် ပြောရမယ် ဆိုရင်၊ Low Aspect Ratio Means:
        • Lower Friction Rate (Lower Operating Cost)
        • Lower Perimeter to Area Ratio (Lower Material Cost)

    • Pressure Loss Consideration
      • Friction Loss ကို ကန့်သတ်တဲ့ အခါ ပုံမှန် အသုံးများတဲ့ Medium Smooth Sheet Metal Duct တွေ အတွက် 1 Pa/m (0.1 mmAq/m) လောက် ထားလေ့ရှိကြပါတယ်။ ဒါက Thumb Rule ပါ။ မျက်နှာပြင် ပိုကြမ်းတဲ့ Flexible Duct လို၊ Fiber Duct တို့မှာတော့ Pressure Loss က ပိုများနေပါလိမ့်မယ်။ ဒါ့အပြင် Flexible Duct မှာ ဘယ်လောက်ထိ ဆွဲဆန့် ထားတယ်၊ (ကွေးနေတယ်) ပေါ် မူတည်ပြီး လည်း Pressure Loss ထပ်တက် လာနိုင်ပါသေးတယ်။ ဒါပေမဲ့ Flexible Duct က တိုတာမို့ ရိုးရိုး Duct နဲ့ Same Velocity လောက်မှာ ထားရွေးရင် အဆင်ပြေလေ့ရှိပါတယ်။ (မှတ်ချက် Flexible Duct ကို 1.5m (5 feet) ထက် မကျော်စေဘို့ ဂရုစိုက် ပေးပါ။ ဒါ့အပြင် တကယ် ဆင်တဲ့ အခါမှာလည်း ခွေခေါက်မနေ စေဘို့ သတိပြုပါ။) ဒါမှ Standard Duct Size Chart တွေ သုံးပြီး Sizing လုပ်နိုင်မှာ ပါ။
      • အပြင်မှာ သုံးနေကြတဲ့ Duct Measure / Ductulator တွေကလည်း Medium Smooth Sheet Metal Duct အတွက် ပဲ မှန်ပါတယ်။ ASHRAE Handbook ထဲမှာပါတဲ့ Chart ကလည်း Medium Smooth အတွက် ပါပဲ။ ဒါကြောင့် Medium Smooth မဟုတ်တဲ့ Flexible Duct လို၊ Concrete Duct လိုတွေ မှာ Pressure Loss လိုချင်ရင် ပြန်တွက်ယူရပါလိမ့်မယ်။ Roughness Factor ကိုတော့ ASHRAE မှာ ဒီလိုပေးထားပါတယ်။
      • Energy Cost ကဈေးကြီးပြီး Duct Work Cost ကသက်သာရင် Low Friction Rate က ပိုပြီး Economical (တွက်ချေကိုက်) ပါတယ်။ Energy Cost ကဈေးချိုပြီး Duct Work Cost ကဈေးကြီးရင် Higher Friction Rate က ဈေးပိုသက်သာပါတယ်။
      • အသံတိတ်ဆိပ်မှု အတွက် Velocity Limits နဲ့ Friction Rate အနည်းအများ အလိုက် လိုအပ်လာမဲ့ Fan/Equipment တွေ ကို ထည့်သွင်း စဉ်းစားဘို့လည်း မမေ့ စေချင်ပါဘူး။ Duct Pressure Class တွေ က လည်း System Pressure Loss နဲ့တိုက်ရိုက် ဆက်သွယ်မှု ရှိပါတယ်။ Duct Static Pressure မြင့်လာတာ နဲ့ အတူ Material Thickness, Construction Method, Reinforcement Arrangements နဲ့ Sealing Requirements တွေပါ လိုက်တက် လာတာ ကို လည်း သတိမူ စေချင်ပါတယ်။
      • စာရေးသူ ရေးပေးထားခဲ့ တဲ့ VBA: Excel မှာတော့ အခြား Roughness Factor တွေ အတွက် ပါ တွက်နိုင်အောင် စီစဉ်ပေးထားပါတယ်။


    • Flow Velocity Consideration
      • Velocity ကိုစဉ်းစားတဲ့ အခါ အခန်းရဲ့ ဆိတ်ငြိမ်မှု လိုအပ်ချက် ကို လိုက်လို့ စဉ်းစားဘို့ မှီငြမ်းစရာ Tables နှစ်ခု ကို အောက်မှာ ပေးထားပါတယ်။
      • Suggested Maximum Airflow Velocities for Various Noise Criteria
        Room NC S.I (m/s) I.P (fpm: ft/min)
        Supply Return Supply Return
        (Main) (Branch) (Main) (Branch)
        NC50 Kitchen, Laundries, Machinery Space1086200016001200
        NC45 Lobby / Maintenance976180014001200
        NC40 Large Office865160012001000
        NC35 Small Office6.55413001000800
        NC30 Residential5431000800600

      • Suggested Maximum Airflow Velocities for Various Ductwork Installations
        Duct LocationRC or NC Rating in Adjacent OccupancyMax. Airflow Velocity
        I.P (fpm)S.I (m/s)
        RectangularCircularRectangularCircular
        In shaft or above solid drywall ceiling453500500017.525
        352500450012.522.5
        25 or less150025007.512.5
        Above suspended acoustical ceiling452500450012.522.5
        35175035008.7517.5
        25 or less10002000510

      • ဒီ Table တွေက Duct ကနေ ထွက်လာ Noise Problem ကို လျှော့ချပေးနိုင်ဘို့ ပါ။ Equipment Noise အပါအဝင် Total Noise Control လုပ်မဲ့ အခါ အခြားလိုအပ်ချက် (ဥပမာ၊ ၊ Sound Attenuator, Internal Duct Lining, Additional Duct Elbow, etc.) တွေ ပါဝင်လာနိုင်ပါတယ်။
      • Duct Lining ထည့်ရမဲ့ အခြေအနေ အတွက် စိတ်ပူရမဲ့ အခြေအနေ အထိ Noise Criteria တွေ က တင်းကျပ် နေခဲ့ရင် သူ့အတွက် Allowance ကို Duct Dimension မှာထည့်သွင်း စဉ်းစားထားပေးဘို့ လိုအပ်ပါမယ်။


  3. Ducting Sizing
    • Pressure Loss Limit နဲ့ Velocity Limits တွေ သိပြီး ဆိုရင်တော့ Duct Sizes တွေကို အဓိက နည်းသုံးနည်း နဲ့ ထဲ က တစ်နည်းနည်း ကို သုံးပြီး ရွေးချယ် နိုင်ပါတယ်။
      1. Using Chart: ASHRAE / Carrier Handbooks တွေမှာ ပါတဲ့ Chart တွေ နဲ့ ယှဉ်ပြီး ရွေးချယ်ဘို့ ပါ။
      2. Using Duct Measure / Ductulator : Duct Measure / Ductulator လို့ခေါ်တဲ့ Slide Instruments ကို သုံးပြီးရွေးချယ်။
      3. Using Program: Duct Size ရွေးတဲ့ Program တွေ အမျိုးမျိုးရှိပါတယ်။ စာရေးသူ ရဲ့ VBA Program ကို လည်း သုံးပြီး ရွေးနိုင်ပါတယ်။
    • အရွယ်အစား ရွေးချယ်တဲ့ အခါမှာတော့ Circular Duct Size ကို အရင် ရွေးချယ်ရပါမယ်။
    • Rectangular နဲ့ Oval Duct တွေ ကိုတော့ သက်ဆိုင်ရာ Table တွေကနေ ဖတ်ယူလို့ပဲ ဖြစ်ဖြစ် အပေါ်က Ducts ပုံစံ သုံးမျိုး ယှဉ်ပြထားတဲ့ ပုံ မှာပါတဲ့ Equation တွေ ကနေ ပြန်တွက်ယူလို့ ပဲဖြစ်ဖြစ် Sizing ရွေးချယ် နိုင်ပါတယ်။
    • ASHRAE Handbook: Fundamentals မှာ ပါဝင်တဲ့ Tables တွေကတော့
      1. Rectangular Duct အတွက် Table: Circular Equivalents of Rectangular Duct for Equal Friction and Capacity
      2. Oval Duct Size အတွက် ကိုတော့ ASHRAE Handbook က Table: Equivalent Spiral Flat Oval Duct Dimension
      ဖြစ်ကြပါတယ်။
    • Duct Measure / Ductulator တွေ မှာတော့ Rectangular Duct Size ကို တိုက်ရိုက် ဖတ်လို့ ရလေ့ ရှိတတ် ပါသေးတယ်။

    • Ducting Sizing in Excel Spread Sheet & VBA


  4. Impact of Duct Design Method in Duct Sizing
    • Duct Design Methods (ဒီဇိုင်း လုပ်နည်း) သုံးနည်း ရှိပါတယ်။
      1. Equal Friction Method
      2. Static Regain Method
      3. T-Method
    • အပေါ်မှာ တင်ပြခဲ့ တဲ့ Duct Sizing Method က Equal Friction Method အတွက် တိုက်ရိုက်သက်ဆိုင်ပေမဲ့ နည်းသုံးခု စလုံး အတွက် အသုံးဝင်ပါတယ်။ Design Method အလိုက် Velocity နဲ့ Friction Loss Factor တွေ ကို အနည်းငယ် Adjust လုပ်ပေးဘို့ လိုတာ ကိုသိထားဘို့ ပဲလိုပါတယ်။
    • Duct Section & Branch တွေမှာ Flow Control / Adjusting လုပ်ဘို့ သင့်တော်တဲ့ Dampers တွေ ထည့်ထားခဲ့ မယ်ဆိုရင် ဒီနည်း နဲ့ ရွေးချယ်တဲ့ အတွက် ပြဿနာ သိပ်ပေါ်စရာ မရှိလှပါဘူး။
    • Duct System Design တစ်ခုလုံး လုပ်တဲ့ အခါမှာတော့ Duct Sizing သာမက Fan / System Interface နဲ့ Duct Fitting Loss တွေ ရဲ့ သဘော သဘာဝ ကို သိရှိနားလည် နေဘို့ လိုအပ်ပါတယ်။
    • Duct System Design နဲ့ ပတ်သက်ပြီး နောက်လာမဲ့ post မှာ ဆက်လက် ရေးသားပေးသွားမှာ ဖြစ်ပါတယ်။

  5. References:
    1. "Duct Design", Chapter 21, ASHRAE Handbook: Fundamentals, 2009.
    2. "HVAC Duct Construction Standards", 2nd Edition with Addenum No. 1, SMACNA, 1997.
    3. Mark E. Schaffer, "A Practical Guide to Noise and Vibration Controls for HVAC Systems", 2nd Edition (I-P), ASHRAE, 2005.
    4. "Air Duct Design", Chapter 2, Carrier: Handbook of Air Conditioning Design, McGraw-Hill, 1965.



Read More...

Tuesday, June 23, 2009

VBA for MEP Calculations

  • Application တွေထဲ မှာ Programming အမျိုးမျိုး သုံးလို့ ရပါတယ်။ ဒီအထဲ မှာ သုံးတတ်ရင် အချိန်ကုန် သက်သာစေတဲ့ VBA (Visual Basics for Application) ကိုသုံးပြီး Engineering Formula Functions တွေ ရေးတာ ကို မိတ်ဆက်ပေး ဘို့ ရည်ရွယ်ထားပါတယ်။
  • အဓိက သုံးမဲ့ နေရာ က တော့ spread sheet (Microsoft Excel) အတွက် ပါ။ တကယ်တော့ VBA က MS Offices တွေ၊ Web Script တွေ အတွက် သာ မက AutoCad ® မှာလည်း အသုံးပြုလို့ ကောင်းတဲ့ programming တစ်ခုပါ။ AutoCad ® ကိုသုံးတဲ့ သူတွေ အတွက် AutoLisp, vBA, Diesel, Script စတဲ့ programming အချို့ကို နားလည်ရင် ထပ်တလဲလဲ လုပ်ရတဲ့ process တွေ ကို အချိန်ကုန် သက်သာစွာ နဲ့ လုပ်ဆောင် နိုင်ပါတယ်။ ရှုတ်ရှုတ်ထွေးထွေး တွက်ချက်ဘို့ လိုအပ်တာတွေ၊ Trial and error Loop နဲ့တွက်ရတာတွေ အတွက်လည်း တစ်ကြိမ် စနစ်တကျ ခေါင်းရှုတ်ခံ လိုက်ရင် နောက်တစ်ခါ သုံးဘို့ အဆင်သင့် ဖြစ်စေပါမယ်။

  1. Basic of Programming
    • Programming Languages အလိုက် Detail အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ basic instructions အချို့ ကတော့ Languages တိုင်းလိုလို မှာပါဝင်နေတာ တွေ့ရပါမယ်။
      • input: Get data from the keyboard, a file, or some other device.
      • output: Display data on the screen or send data to a file or other device.
      • Math / Operation : Perform basic mathematical operations like addition and multiplication.
      • conditional execution: Check for certain conditions and execute the appropriate sequence of statements.
      • repetition: Perform some action repeatedly, usually with some variation.
    • ဒါတွေရဲ့ အခြေခံ တွေ ကို Algorithm (or) Pseudocode and Program Flow Chart တွေနဲ့ ပြလို့ ရပါတယ်။ Modular programming လို့ခေါ်တဲ့ Program အသေးလေး တွေ အပိုင်းလိုက် အကန့်လိုက် အစိတ်စိတ် သီးခြားခွဲ ရေးပြီး မှ ပေါင်းစပ် သုံးတဲ့ အခါ ရေးရတာရော၊ debug လုပ်ရတာရော လွယ်ကူလာပါတယ်။
    • Program ရေးတဲ့ အခါ စနစ် တကျ Planning လုပ်ထားခဲ့ဘို့ လိုအပ်ပါတယ်။ မဟုတ်ရင် အမှားရှာရ ပြင်ရ စတဲ့ Debugging လုပ်ရတာ က ရေးရတာထက် အဆပေါင်း များစွာ ပိုခက်စေရုံ သာမက Crush ဖြစ်တဲ့ ပြဿနာ တွေကိုပါ ထပ်ရှင်း နေရပါလိမ့် အုံးမယ်။
    • Programming Flowchart နဲ့ ပတ်သက်ပြီး http://www.nos.org/htm/basic2.htm မှာ သွား ရောက် လေ့လာ နိုင်ပါတယ်။ အဓိက သိသင့်တာ ကတော့
      • Start / End : အစ နဲ့ အဆုံး (Programming တိုင်းမှာ အစ (Start) နဲ့ အဆုံး (End) ပါဝင်ရပါမယ်။) သူ့ရဲ့ ပုံက ထောင့်ကို လုံးထားတဲ့ စတုဂံ ပုံပါ။
      • Process : Computational steps or processing function of a program၊ ပုံက ရိုးရိုး စတုဂံပုံပါ။
      • Decision Making and Branching၊ ရွမ်းဗတ် ပုံ။


  2. VBA for Excel
    Excel အတွက် VBA Application ကိုလေ့လာတဲ့ အခါ သိသင့်တာတွေ ကတော့၊
    • VB for Application
    • VB for Excel Application
    • Files (personal.xls or add-in ".xla", Newer version ".xlsx")
    • Excel VBA Object Model: Excel, Word, AutoCad ® သာမက VBA သုံးနိုင်တဲ့ Applications တွေ မှာ Object Model တွေရှိပါတယ်။ ဒါမှ VBA ကနေ လုပ်ဆောင်ရမဲ့၊ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ ကို ရှာဖွေ နိုင်ဘို့ပါ။
    • Macro Security
    • Function and Sub: Sub ဆိုတာ ကတော့ macro အနေနဲ့ တိုက်ရိုက် run လို့ရတဲ့ processes တွေပါ။ ပါဝင်တဲ့ နည်းလမ်း အချို့ ကို modify လုပ်ဘို့ လိုတဲ့ အခါ macro record လုပ်ပြီး မှီငြမ်းလေ့လာနိုင်ပါတယ်။ Form တွေပါ ဒီဇိုင်းလုပ်ပြီး Graphical User Interface နဲ့ သုံးစွဲနိုင်ပါတယ်။ အခုတင်ပြမှာ ကတော့ ဒီ Sub အကြောင်း မဟုတ်ပါဘူး။ Excel Spread Sheet ထဲမှာ Function အနေနဲ့ တိုက်ရိုက် Insert လုပ် သုံးနိုင်မဲ့ Function တွေအကြောင်းပါ။

  3. HVAC Air-Side Circular Duct Sizing Calculations (SI Units)
    • Cold Air Standard အတွက် သုံးရမဲ့ Duct အရွယ်အစား ရွေးချယ်တဲ့ နည်းပါ။ ဒီနည်း နဲ့ Pressure Loss ကို တွက်ထုတ် ရင် ရမဲ့ Duct Pressure Loss အဖြေက ± 5% အတွင်းမှာ ရှိပါတယ်။ သူ့ကို သုံးနိုင်တဲ့ Conditions တွေကတော့။
      • Temperature: 5 to 35 °C
      • Elevation: 0 to 500m
      • Duct Pressure: -5 to 5 kPa relative to ambient pressure
    • ဒီ အခြေအနေ တွေ က ပုံမှန် HVAC အတွက် လုံလောက်ပါတယ်။
    • အများအားဖြင့် Constraints နှစ်ခုရှိပါတယ်။ Velocity နဲ့ Friction Loss ပါ။ ဒါကြောင့် Duct Size လုပ်တဲ့ အခါ Velocity ကိုပဲ သုံးရင် မှားတတ်ပါတယ်။
    • Velocity Limits တွေ နဲ့ပတ်သက်ပြီး Basic Duct Sizing Consideration တွေကို M&E Basics: Pipe & Duct Sizing မှာလေ့လာပါ။ (မှတ်ချက်၊ ၊ Ducting နဲ့ Piping ကို သီးသန့်ပြန်ခွဲ ဘို့ စီစဉ်နေပါတယ်။)
    • ပထမဆုံး Circular Duct Size ကို တွက်ဘို့ Function ကိုရေးရပါမယ်။
    • အသုံးပြုမဲ့ Calculation Formulae တွေကို တော့ ASHRAE Handbook: Fundamental ထဲကနေ မှီငြမ်းထားပါတယ်။



    • တွက်နည်း အဆင့်ဆင့် ကတော့၊
      • သတ်မှတ်ထားတဲ့ Velocity အတွင်းဝင်တဲ့ Duct Size ကိုတွက်မယ်။
      • ဒီ Duct Size နဲ့ တွက်ရင် ရမဲ့ Pressure Loss ကိုတွက်ပြီး သတ်မှတ်ထားတဲ့ Limit အတွင်းရှိမရှိ ကြည့်မယ်။ ဝင်နေတယ် ဆိုရင် အဖြေရပါပြီ။
      • Limit အတွင်း မဟုတ်သေး ရင်တော့ သတ်မှတ်ထားတဲ့ Pressure Loss Limit အတွင်း မဝင်မချင်း Duct Size ကိုပြန်ရွေး၊ ပြန်တွက် လုပ်ရပါမယ်။

    • ဒီ Function ကိုရေးတဲ့ အခါ တွက်ရ ပိုပြီးလွယ် ကူအောင် အကူ Functions ခွဲနှစ်ခု ပါ ထည့်ရေးထားပါတယ်။ ဒီ Functions သုံးခု ပေါင်းမှ အလုပ် လုပ်ပါလိမ့်မယ်။
      1. DuctSize_Cir_mm : Circular Duct Size ကို တွက်ထုတ်ဘို့ပါ။
      2. DuctFrictionLoss_Pa: Circular Duct Frictioin Loss ကို တွက်ထုတ်ဘို့ပါ။
      3. f_Colebrook: Colebrook's Friction Factor ကို တွက်ထုတ်ဘို့ပါ။

    • Flowcharts တွေ ကို ရေးမယ်ဆိုရင် ဒီလိုတွေ့ရပါမယ်။
      1. DuctSize_Cir_mm

      2. DuctFrictionLoss_Pa

      3. f_Colebrook


    • ဒီနည်း ကို Numerical Programming နဲ့တွက်ဘို့ VBA Code ကို ရေးရပါတယ်။ Excel ထဲက Visual Basic Editor အောက်မှာပါ။ သီးသန့် ".xla" အဖြစ်နဲ့ ထားပြီး Excel အစမှာ တက်ဘို့ ထားထားတဲ့ XLStart ဆိုတဲ့ Folder ကိုရှာပြီး ထည့်ချင်ထည့်၊ “personal.xls” ဆိုတဲ့ File ထဲမှာပဲ ဖြစ်ဖြစ် ထားလို့ရပါတယ်။
    • VBA က Macro Security Level ပေါ်မူတည် ပြီး အလုပ်လုပ်ခွင့် ပေးရပါတယ်။ Powerful Operation တွေမို့ Macro Security အကြောင်းကို သေသေချာချာ လေ့လာ သိရှိထားဘို့ လိုအပ်ပါတယ်။
    • "personal.xls" ဆိုတာ မရှိသေးရင်တော့ ပထမ Record New Macro လုပ်၊ စာတစ်လုံး နှစ်လုံးရိုက်၊ ဟိုနှိပ်ဒီနှိပ် လုပ်ပြီး Stop Macro ကိုနှိပ်၊ ပြီးလို့ Visual Basic Editor ကို ဖွင့်လိုက်ရင် "personal.xls" တက်လာတာ တွေ့ရပါလိမ့်မယ်။


    • အောက်ဆုံး ပိုင်း မှာ Excel 2003 နဲ့ Excel 2007 က Screenshots အချို့ကို ထည့်သွင်း ပေးထားပါတယ်။


    • Visual Basic Editor မှာ Module ကို ကိုယ်နှစ်သက်သလို နာမည်ပေး e.g. AirDuct ပြီးရင် Code နေရာမှာ အောက်က Code တွေကို Copy & Paste လုပ်ဘို့ပါ။
    • 'General Section Declaration
      Option Base 0 'array base
      Option Compare Text
      Private Const atm As Double = 101.325 ' Atmospheric pressure in kPA
      Public Const pi As Double = 3.14159265358979



    1. Function DuctSize_Cir_mm(Air_cmh, Optional dP_Pa = 1, Optional V_mps = 8, Optional e_mm = 0.09)
      'Calculate Circular Duct Size, Default for 1Pa/m, 8 m/s and Medium Surface Roughness 0.09mm
          Dim dV As Double, dD As Double, dA As Double
          Dim dP As Double

          'calc Area which satisfy the velocity limits
          dV = V_mps
          dA = Air_cmh / (3600# * dV)
          dD = (4 * dA / pi) ^ 0.5 * 1000

          'call function for Friction Loss
          dP = DuctFrictionLoss_Pa(Air_cmh, dD, e_mm)

          If dP > dP_Pa Then
              Do
                  'Use Power rule estimation for iteration
                  dD = dD * (dP / dP_Pa) ^ 0.25
                  dP = DuctFrictionLoss_Pa(Air_cmh, dD, e_mm)
                  'exit error 1%
                  If Abs((dP - dP_Pa) / dP_Pa) < 0.01 Then Exit Do
              Loop
          End If
          DuctSize_Cir_mm = dD
      End Function


    2. Function DuctFrictionLoss_Pa(Air_cmh, DuctDia_mm, Optional e_mm = 0.09)
          'Calculate Friction Loss
          Dim dQ As Double, dD As Double 'flowrate (m3/s), diameter(mm)
          Dim dV As Double, dF As Double 'velocity (m/s), friction factor
          Dim dM As Double, dE As Double 'density (kg/m3), surface roughness
          Dim Re As Double, dA As Double

          'For Cold Air Standard at density=1.2kg/m3
          If Air_cmh * DuctDia_mm > 0 Then
              dQ = Air_cmh / 3600# 'convert air flowrate to m3/s
              dD = DuctDia_mm
              dM = 1.2 'kg/m3 for cold air std
              dA = 0.25 * pi * (dD / 1000#) ^ 2
              dV = dQ / dA 'v=Q/A
              Re = 66.4 * dD * dV 'Ref ASHRAE: or use Re = V * d / nu
              dF = f_Colebrook(e_mm / dD, Re)
              DuctFrictionLoss_Pa = 500 * dF * dM * dV * dV / dD
          Else
              DuctFrictionLoss_Pa = 0
          End If
      End Function


    3. Function f_Colebrook(e_by_D, Re) 'e_by_D Relative roughness; Dh: Hydraulic Dia, Re: Reynold number
          'Calculate Colebrook friction Factor

          Dim f As Double, root_f As Double, root_f1 As Double

          'Start with Tsal's estimation
          f = 0.11 * (e_by_D + 68 / Re) ^ 0.25
          If f < 0.018 Then
              f = 0.85 * f + 0.0028
          End If

          root_f = f ^ 0.5
          Do
              root_f1 = -0.5 * Log(10) / Log(e_by_D / 3.7 + 2.51 / (root_f * Re))
              'check if error is less than 0.5%
              If Abs((root_f1 - root_f) / root_f) < 0.005 Then Exit Do
              root_f = 0.5 * (root_f + root_f1) 'Use binary approach iteration
          Loop
          f_Colebrook = root_f ^ 2
      End Function



  4. Use of VBA Functions in Excel Worksheet
    • ပြီးရင်တော့ ဒီ Function တွေကို Excel Spreadsheet မှာ အသင့်သုံးနိုင်ပါပြီ။
    • ပထမ Insert function ကိုသွားပြီး select a category မှာ User Defined ကိုရွေးလိုက်ရင် ဒီ Function တွေ ပေါ်လာပါလိမ့်မယ်။

    • ပြီးရင်တော့ Excel Formula သုံးနေကျ အတိုင်းသုံးရုံပါပဲ။
      ဒီအထဲ မှာ Air_cmh ဆိုတဲ့ ကွက်လပ်ကိုတော့ ဖြည့်ကို ဖြည့်ရပါမယ်။ အခြား ကွက်လပ်တွေ ကို Function မှာထဲ က Optional အနေနဲ့ ရွေးပြီး Assign လုပ်ထားတာမို့ မဖြည့်လည်း ရပါတယ်။ Assigned လုပ်ခဲ့တဲ့ value တွေကတော့ အသုံးများတဲ့
      • dP_Pa = 1
      • V_mps = 8
      • E_mm = 0.09

    • ပြီး Excel Style: Drag-Coppy လုပ်လိုက်ရင် ရမဲ့ အဖြေကတော့၊


    • ဒီကရတဲ့ အဖြေက Chart ကနေကြည့်လို့ ရတဲ့ အဖြေနဲ့ အတူတူလောက်ပါပဲ။ တကယ် အသေးစိတ် တွက်လို့ ရမဲ့ အဖြေရဲ့ ± 1% အတွင်းမှာ ရှိတာမို့ safety factor ထည့်ယူလေ့ရှိတဲ့ အင်ဂျင်နီယာ တွေအတွက် လုံလောက်ပါတယ်။
      မှတ်ချက်။ ။ Excel Calculation Sheet File တွေကို ပေးတဲ့ အခါမှာတော့ ဒီ Function တွေ အဲဒီ file ထဲမှာ မပါရင် အလုပ်လုပ် မှာ မဟုတ်ပါဘူး။ စကားကြော မရှည် အပို ရှင်းမပြ ချင်ရင် ဒီ Function တွေ နဲ့တွက် ပြီး ရလာတဲ့ အဖြေ ရှိတဲ့ Cell တွေက အဖြေ ကို Copy ကူး၊ ပြီး Paste Special မှာ values ကို ရွေးပြီး ပြန်ထည့်လိုက်ပါ။


  5. Non Circular Duct Sizing Calculations
    • HVAC Air-Side မှာသုံးလေ့ ရှိတဲ့ Air Duct အမျိုးအစား သုံးခု ကို အောက်မှာ ဖော်ပြထားပါတယ်။
    • Circular Duct မဟုတ်တဲ့ အခြား Duct တွေ ကို သုံးတဲ့ အခါ အသင့်တော်ဆုံး ကတော့ Equivalent Circular Duct ကိုရှာပြီး တွက်တဲ့ နည်းပါ။

      1. Rectangular Duct ရဲ့ Equivalent Diameter ရှာမဲ့ Function ကိုသုံးနိုင်ဘို့ VBA Code ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

        Function DuctR2C(dH, dW) As Double
            'Rectangular Duct to Circular Duct
            If dW * dH > 0 Then
                DuctR2C = 1.3 * ((dH * dW) ^ 0.625) / ((dH + dW) ^ 0.25)
            Else
                DuctR2C = 0
            End If
        End Function


      2. Oval Duct ရဲ့ Equivalent Diameter ရှာမဲ့ Function ကိုသုံးနိုင်ဘို့ VBA Code ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

        Function DuctO2C(dH, dW) As Double
            'Oval Duct to Circular Duct
            Dim dA As Double, P As Double
            If dW * dH > 0 Then
                dA = (pi * dH ^ 2 / 4) + dH * (dW - dH)
                P = pi * dH + 2 * (dW - dH)
                DuctO2C = 1.55 * (dA ^ 0.625) / (P ^ 0.25)
            Else
                DuctO2C = 0
            End If
        End Function

      3. Circular Duct ကနေ Equivalent Rectangular Duct Size ရှာမဲ့ Function ကိုသုံးနိုင်ဘို့ VBA Code ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

        Function DuctC2R(dD, Optional dH = 0) As Double
            'Circular Duct to Rectangular Duct
            'if Dimension (dH) is zero, square duct
            'dH could be either dimension: "Width" or "Height"
            Dim dW As Double, dW1 As Double
            Dim dD1 As Double

            If dH > 0 Then
                'Estimate dH
                dW = 0.25 * pi * dD * dD / dH
                Do
                    dD1 = 1.3 * ((dH * dW) ^ 0.625) / ((dH + dW) ^ 0.25)
                    dW = dW * (dD / dD1) ^ 2
                    If Abs((dD1 - dD) / dD) < 0.005 Then Exit Do
                Loop
            Else
                dW = dD * 0.9148
            End If
            DuctC2R = dW
        End Function


      4. Circular Duct ကနေ Equivalent Oval Duct Size ရှာမဲ့ Functionကိုသုံးနိုင်ဘို့ VBA Code ကိုအောက်မှာ ဖော်ပြပေးထားပါတယ်။

        Function DuctC2O_Width(dD, Optional dH = 0) As Double
            'Circular Duct to Rectangular Duct
            'if Dimension (dH) is zero, square duct + round, ie, a = 2 * b
            'dH is dimension b for "Height", dW is dimension a for "Width"
            'As nature, dH < dD
            Dim dW As Double, dW1 As Double
            Dim dD1 As Double
            Dim dA As Double, P As Double

           If dH > 0 Then
                'Estimate dH
                dW = 0.25 * pi * (dD * dD - dH * dH) / dH
                Do
                    dA = (pi * dH ^ 2 / 4) + dH * (dW - dH)
                    P = pi * dH + 2 * (dW - dH)
                    dD1 = 1.55 * (dA ^ 0.625) / (P ^ 0.25)
                    dW = dW * (dD / dD1) ^ 2
                    If Abs((dD1 - dD) / dD) < 0.005 Then Exit Do
                Loop
            Else
                dW = dD / 1.5234
            End If
            DuctC2O_Width = dW
        End Function


    • Duct Design ကိုလိုက်လို့ ရနိုင်မဲ့ Air Flow Limits ကိုတွက်နိုင်ဘို့ Function သုံးခုကို အောက်မှာ ပေးထားပါတယ်။

      1. Function DuctAirFlow_Cir_cmh(dD_mm, Optional dP_Pa = 1, Optional dV_mps = 9, Optional e_mm = 0.09)
            Dim cmh As Double, dP As Double
            Dim dD As Double, dV As Double

            dV = dV_mps
            dD = dD_mm
            cmh = 0.0009 * pi * dD * dD * dV '0.0009 <- 0.25*3600/1000000
            dP = DuctFrictionLoss_Pa(cmh, dD, e_mm)
            If dP > dP_Pa Then
                Do
                    dV = dV * (dP_Pa / dP) ^ 0.5
                    cmh = 0.0009 * pi * dD * dD * dV
                    dP = DuctFrictionLoss_Pa(cmh, dD, e_mm)
                    If Abs(dP - dP_Pa) / dP_Pa < 0.01 Then Exit Do
                Loop
            End If
            DuctAirFlow_Cir_cmh = cmh
        End Function


      2. Function DuctAirFlow_Rec_cmh(dW_mm, dH_mm, Optional dP_Pa = 1, Optional dV_mps = 9, Optional e_mm = 0.09)
            Dim dD As Double, dV As Double
            dV = dV_mps
            dD = DuctR2C(dW_mm, dH_mm)
            DuctAirFlow_Rec_cmh = DuctAirFlow_Cir_cmh(dD, dP_Pa, dV_mps, e_mm)
        End Function


      3. Function DuctAirFlow_Oval_cmh(dW_mm, dH_mm, Optional dP_Pa = 1, Optional dV_mps = 9, Optional e_mm = 0.09)
            Dim dD As Double, dV As Double
            dV = dV_mps
            dD = DuctO2C(dW_mm, dH_mm)
            DuctAirFlow_Oval_cmh = DuctAirFlow_Cir_cmh(dD, dP_Pa, dV_mps, e_mm)
        End Function




  6. Screenshots of Adding VBA Codes in Excel
    • Excel 2002-2003 (or Earlier)
      • နမူနာ အနေနဲ့ Microsoft Excel 2002-2003 မှာဆိုရင်တော့ ဒီလိုတွေ့ရပါလိမ့်မယ်။

      • Visual Basic Editor ဆိုတာ ကို နှိပ်လိုက်ရင် အောက်က ပုံစံ ပေါ်လာပါလိမ့်မယ်။ အထဲမှာ VBA Code တွေ ကို ကူးယူပြီးရင် ဒီလို တွေ့နိုင်ပါတယ်။



    • Excel 2007
      • 2007 အထက် ဆိုရင်တော့ Tools အစား Developer Tab အနေနဲ့ ဝင်လာပါတယ်။


      • တစ်ခါတစ်ရံ Developer Tab ကို ဖျောက် ထားတတ်ပါသေးတယ်။ ဒါဆိုရင် တော့ excel option အောက်ကနေ သွားရှာ ရပါလိမ့်မယ်။ (မသေချာ ရင် Help မှာ ရှာကြည့်ပါ။)




      • အထက်မှာ ပြောခဲ့တဲ့ အတိုင်း VBA က Macro Security Level ပေါ်မူတည် ပြီး အလုပ်လုပ်ခွင့် ပေးရပါတယ်။ Powerful Operation တွေမို့ Macro Security အကြောင်းကို သေသေချာချာ လေ့လာ သိရှိထားဘို့ လိုအပ်ပါတယ်။


      • Developer Tab အောက် က Code နေရာ မှာ လည်း Macro Security ဆိုတာ ရှိပါတယ်။ ထွက်လာမဲ့ Screen ကတော့ အပေါ်က ပုံအတိုင်းပါပဲ။




  7. VBA Code to show VBA functions in html
    • အပေါ်က VBA code တွေမှာ အရောင်တွေ ခွဲပေးထားတာ က လည်း VBA ကို သုံးပြီး html format ကို ပေးထားလို့ပါ။ ဒါကိုတော့ MS Word အောက်မှာ ရေးပြီးသုံးပါတယ်။ အပို သိပ်မပါပဲ ရှင်းရှင်းလင်းလင်း မြင်ရအောင် format လုပ်ဘို့က html မှာသိပ်မလွယ် ပါဘူး။ အချိန်လည်း အရမ်းကုန်ပါတယ်။


    Disclaimer
    • Programming နဲ့ သုံးလို့ရတယ် ဆိုတာ ကို မိတ်ဆက် ပေးချင် လို့ပါ။ ပြီးတော့ အချိန်ကုန် သက်သာ စေချင်တာလည်း ပါပါတယ်။
    • အတတ်နိုင်ဆုံး ကြိုးစားထားပေမဲ့ အမှား လုံးဝကင်းပါတယ် လို့ အာမ မခံနိုင်ပါဘူး။ စာဖတ်သူ ကိုယ်တိုင် သုံးစွဲပြီး ကြည့်ပြီး အဖြေမှန် ပေးနိုင်ကြောင်း သေချာမှ သုံးစွဲပါလို့ အသိပေး လိုပါတယ်။


Read More...